အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ကို လာမည့် ဇွန်လအတွင်း အချောသတ်သွားရန် စီစဉ်ထားကြောင်း အစိုးရနှင့် တိုင်းရင်းသားများ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။ မေလ ၂၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ ညှိနှိုင်းရေးဆွဲရေး ဆွေးနွေးမှု နောက်ဆုံးရက်တွင် ထိုသို့ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။