နိုင်ငံတကာရောက် မြန်မာများ စုပေါင်း တည်ထောင်ထားသည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို နာရေး ကူညီ မှု အသင်း ဒု ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ရရှိကြောင်း အဆိုပါ အဖွဲ့က မေ ၂၄ ရက်နေ့တွင် ကြေညာသည်။ ယင်းဆုမှာ မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေး လုပ်ငန်းများ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ချီးမြှင့်ခြင်း ဖြစ်ပြီး ပဉ္စမအကြိမ်မြောက် ဆုချီးမြှင့်မည့် အခမ်းအနားကို တော်ဝင်နှင်းဆီ ခန်းမ၌ ဇွန် ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းဆုနှင့် အတူ အခြား အထူးဆု ၃ ဆုလည်း ပါဝင်ကြောင်း၊ ၎င်းတို့မှာ အမုန်းစကား တားဆီးရေး ပန်းစကားလှုပ်ရှားမှု၊ တနိုင်တပိုင် ပရဟိတ စုပေါင်းလှူဒါန်းသည့် One More အစီအစဉ်နှင့် တကိုယ်တော် ပရဟိတသမားများ ကွန်ရက်မှ မခင်နှင်းကြည်သာတို့ ဖြစ်ကြောင်း သိရ သည်။ ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူမှာ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူဖြစ်ပြီး ယင်းနောက် NLD အဖွဲ့ဝင် ဒေါ်ရှု၊ Kachinland သတင်းဌာနမှ လဖိုင်နော်မိန်းနှင့် NLD အဖွဲ့ချုပ် ပညာရေးကွန်ရက် အဖွဲ့တို့ကို ချီးမြှင့်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။