ဇွန်လဆန်းမှ စ၍ အယ်လ်နီညို ဖြစ်နိုင်ခြေ ရှိ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ယနေ့ သတိပေးသည်။ အယ်လ်နီညို ခေါ် အပူလှိုင်း ဖြတ်မည့် ကာလသည် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ အနည်းဆုံး ၁၂ လကြာမြင့်နိုင်ပြီး ဒီဇင်ဘာလတွင် အားအကောင်းဆုံး ဖြစ်နိုင်ကြောင်း၊ အယ်လ်နီညို ဖြစ်ပါက မိုးရွာသွန်းမှု လျော့မည်၊ အပူချိန် တိုးလာမည်၊ မိုးခေါင်မည့် အလားအလာ များမည်၊ မုတ်သုံရာသီ အဝင် နောက်ကျပြီး အထွက် စောတတ်သည်၊ မုတ်သုံမိုး လျော့နည်းမည်၊ မိုးတွင်းကာလ တိုတောင်းမည်၊ မိုးလယ်ကာလ မိုးလျော့နည်းမည်၊ မုန်တိုင်းဝင်ရောက်မှု ပုံမှန်ခန့်သာ ရှိမည် ဖြစ်ကြောင်း သိရသည်။ အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားမှု၊ အနာရောဂါ ဖြစ်ပွားနိုင်မှုများ အတွက် ကြိုတင်ပြင်ဆင် မှုများ လုပ်ဆောင်ထားရန် သတိပေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။