နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များ ချိတ်ဆက် သတင်းအချက်အလက် ဖြန့်ဝေပေးရန် ရည်ရွယ် ၍ မြန်မာ့ ကုန်သွယ်မှု ဗဟိုဌာန (Myanmar Trade Centre) ကို ယခုလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် Commerce စီးပွားရေး သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ယင်း၏ လုပ်ငန်းစဉ်များမှာ မေးမြန်း စုံစမ်းမှုကို ဖြေကြားခြင်း (Inquiry Reply)၊ အမြဲတမ်းပို့ကုန် ပြခန်း (Permanent Showroom)၊ စာကြည့်တိုက်နှင့် အရင်းအမြစ်ဌာန (Library & Research Center)၊ ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်မှုများကို အကြံပေးခြင်း (Trade Consultation Service)၊ ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲများ၊ စီးပွားရေး ချိတ်ဆက်ပွဲများ ကျင်းပခြင်း (Trade Awarness Seminar, Workshop & Business Matching)၊ ဈေးကွက်သတင်း အချက်အလက် ဝန်ဆောင်မှု(Market Information Service)၊ ကုန်သွယ်မှု မြှင့်တင်ရေး ဝန်ဆောင်မှုပေးခြင်း (Trade Promotion Service) နှင့် သင်တန်းပေးခြင်း ( Training Service) စသည့် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။ ကုန်သွယ်မှု ဗဟိုဌာနနှင့် ဆက်သွယ်ရန် အမှတ် ၂၂၈၊ ၂၄၀၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ ဖုန်း ၂၅ ၁၈ ၂၄၊ ၂၅ ၄၀ ၂၃၊ အီးမေးလ် [email protected] သို့ ဆက်သွယ်နိုင်သည်
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။