မြန်မာအစိုးရ အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင် ဆင်ရန် လိုကြောင်း သောမတ်စ် အိုဟေး ကင်တာနာက တိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်မှု ပြီးဆုံးတော့မည် ဖြစ်သည့် ကင်တာနာက တိုင်းပြည်တခု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ သဘောဆန္ဒကို ထင်ဟပ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံသည့် ဖွဲ့စည်းပုံမျိုး ဖြစ်သင့်ကြောင်း၊ အစိုးရအဖွဲ့အတွင်း ပြင်ဆင်ရန် ဝန်လေးသူများ ရှိနေကြောင်း မေ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ကာ အစိုးရ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး သမားများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။