သတင်းတို
JICA အကူအညီဖြင့် သာကေတ တံတားသစ် တည်ဆောက်မည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ သာကေတ၊ ဒေါပုံနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များကို ဆက်သွယ်ပေးမည့် သာကေတ တံတားသစ် တစင်းကို ၂၀၁၅ နှစ်ဦးပိုင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ပုဇွန်တောင် ချောင်းပေါ် တည်ဆောက်မည့် ယင်းတံတားသစ်ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယခင် ရှိပြီး သား သာကေတ တံတား၏ အောက်ဘက် မီတာ ၃၀ (၉၈ ဒသမ ၄၃ ပေ) အကွာ၌ တည်ဆောက်မည် ဖြစ်ကြောင်း၊ တံတား အရှည်မှာ ၂၅၃ မီတာ (ပေ ၈၃၀) ဖြစ်ပြီး Extradose Bridge ကြိုးတံတား အမျိုးအစားဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း စာ တွင် ဖော်ပြထားသည်။