သတင်းတို

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ အကြံပြုချက်တောင်းခံ

This article has been converted from Zawgyi One to Unicode

သာသနာရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပူးပေါင်း ညှိနှိုင်းရေးဆွဲသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အများပြည်သူများ လေ့လာအကြံပြုနိုင်ရန် ယနေ့ ထုတ် အစိုးရသတင်းစားများတွင် ဖော်ပြထားသည်။ အခန်း ၇ ခန်း ပါဝင်သည့် ယင်း ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များကို ဇွန် ၂၀ ရက်နေ့ မတိုင်မီ ဦးဝင်းမြင့်၊ ဒုညွှန်ချုပ်၊ အတွင်းရေးမှူး၊ ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ရုံးအမှတ် ၂၅၊ နေပြည်တော် သို့လည်းကောင်း၊ ဖက်စ်နံပgတ် ၀၆၇- ၄၀၄၂၈၄ သို့လည်းကောင်း ပေးပို့ရန် ဖြစ်ကြောင်း သိရ သည်။

Loading