ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဂျပန်ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ကြောင်း AP သတင်း တရပ်အရ သိရသည်။ ဂျပန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Shigeru Iwasaki သည် နေပြည်တော်ကို မေ ၂၆ ရက် နေ့က ရောက်ရှိလာခြင်း ဖြစ်ပြီး မေ ၂၉ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံ တပ် မတော် ချင်း ဆက်ဆံရေး ထူထောင်ရန် ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မေ ၂၇ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ ယခင် စစ်အုပ်ချုပ်ရေး ကာလက ဂျပန်-မြန်မာ တပ်မတော်များ ဆက်ဆံရေး မရှိခဲ့ကြောင်း သိရသည်။ မြန်မာ့ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်ကို ဦးဆောင်သွားရောက်၍ စစ်ပညာသင်ယူကာ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။