လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အသင်း(FPPS) တို့က ယနေ့ တောင်းဆို လိုက်သည်။ မြန်မာနိုင်ငံ အကျဉ်း ထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဟု အစိုးရက ၂၀၁၃ ခု၊ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့သော် လည်း နိုင်ငံရေးအကျဉ်းသား ၃၀ ကျန်ရှိနေခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တက်ကြွ လှုပ်ရှားသူ ၈၅ ဦးကိုလည်း ပုဒ်မ- ၁၈၊ ရာဇသတ်ကြီး ပုဒ်မ – ၅၀၅ (ခ)၊ ပုဒ်မ- ၄၄၇ အပါအဝင် အခြား ပုဒ်မများနှင့် တရားစွဲခံနေရကြောင်း၊ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅၉ ဦး အကျဉ်းကျခံနေရကြောင်း၊ ဆက်လက်ဖမ်းဆီးမှုများ ရှိနေကြောင်း၊ စာနယ်ဇင်း လွတ်လပ်မှုကို ထိန်းချုပ်သည့် အရေးယူမှုများလည်း ရှိနေကြောင်း AAPP နှင့် FPPS တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။