ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan’s Self Defence Force) စစ်ဦးစီးချုပ် General Shigeru IWASAKI တို့ ယမန်နေ့က တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတကာ အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူနှင့် လုပ်ဆောင်နေကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ပူးပေါင်း ဆက်ဆံရေး မြှင့်တင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ဂျပန် ကာကွယ်ရေး စစ်ဦးစီးချုပ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော် ဆောင်ရေးတွင် ကူညီမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် ၁၉၅၄ ခုနှစ်ကတည်းက သံတမန် ဆက်ဆံမှု ရှိခဲ့သဖြင့် သံဆက်ဆံမှု နှစ် ၆၀ ပြည့်ပြီ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။