သတင်းတို

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တပ်မတော်သားများ နှင့် ဝန်ထမ်းများ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် လက်မှတ်ကောက်ယူ စုဆောင်းသည့် လှုပ်ရှားမှုတွင် ဝန်ထမ်းများ၊ တပ်မတော်သားများ ပါဝင်လက်မှတ်ရေးထိုးကြရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်သည်။ ယင်း လှုပ်ရှားမှုကို NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင်၍ နေပြည်တော် ဥက္တရသီရိမြို့နယ်တွင် ယမန်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ဝန်ထမ်းများ တပ်မတော်သားများလည်း လက်မှတ်ထိုးပိုင်ခွင့် ရှိကြောင်း၊ ဥပဒေနှင့်ငြိစွန်းသည်ဟု အကြောင်းပြ ခြိမ်းခြောက်ခြင်းများသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ နိုင်ငံအတွက် ပြုပြင်ပြောင်းလဲ သင့် သည့်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေခြင်း ဖြစ်၍ နိုင်ငံသားတိုင်း ပါဝင်လက်မှတ်ရေးထိုးကြရန် တိုက်တွန်းလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လူထုဆန္ဒလက်မှတ် ကောက်ယူမှုကို ဇူလိုင် ၁၉ ရက်နေ့ အထိ ၅၄ ရက်ကြာ ကောက်ယူသွားမည် ဖြစ်ပြီး လက်မှတ်များကို သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading