ကချင်ပြည်နယ် အတွင်း တိုက်ပွဲများကို ချက်ချင်းဖြေရှင်းနိုင်ရန် အစိုးရနှင့် KIO ကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခ ဖြေရှင်းရေး ပူးတွဲအဖွဲ့ တဖွဲ့ကို ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ မြစ်ကြီးနားမြို့ KIO ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ ရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး နှစ်ဖက် ကိုယ်စားလှယ် ၅ ဦးစီပါဝင်ကြောင်း၊ ကိုယ်စားလှယ်များသည် မြစ်ကြီးနားမြို့၌ သီးခြားစီ ရုံးထိုင်မည်ဖြစ်ပြီး တလ တကြိမ် ပုံမှန်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နှစ်ဖက် ပဋိပက္ခပူးတွဲစောင့်ကြည့်ရေး ကော်မတီ မဖွဲ့စည်းနိုင်သေးမီ ရှေ့ပြေးအဖွဲ့ပုံစံမျိုးဖြစ်ကြောင်း BBC သတင်းတရပ်တွင် ဖော်ပြထားသည်။ လတ်တလောတွင် အစိုး ရနှင့် KIA ကြား တိုက်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် ထိတွေ့မှုများ ရှိနေကြောင်း၊ မေ ၂၃ ရက်နေ့က ကချင်ပြည် နယ် မန်ဝိန်ကြီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။