ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ မီးရထားလမ်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ၂၀၁၆ တွင် စတင်မည် ဖြစ်ကြောင်း Travel Daily News.asia တွင် ဖော်ပြထားသည်။ ကီလိုမီတာ ၆၄၀ အရှည်ရှိ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ သုံးစွဲကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၂၀ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း၊ ယင်းသို့ အဆင့် မြှင့်တင်နိုင်ခြင်းသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အာရှ ၂၈ နိုင်ငံနှင့် ဆက်သွယ်သွားမည့် Trans-Asian Railway အထိ ရည်ရွယ်သည့်အပြင် ဥရောပ နိုင်ငံများနှင့်ပါ ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးရထားလမ်းကွန်ရက် အရှည် သည် ကီလိုမီတာ ၄၃၀၀ (မိုင်ပေါင်း ၂၇၀၀) ရှိကြောင်း၊ ဘူတာ ၇၃၉ ဘူတာရှိကြောင်း myanmarrailways.com တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။