သမ္မတ အိုဘားမား၏ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်၌ ပြောကြားသည့် မိန့်ခွန်းအပေါ် နိုင်ငံရေး အသိုင်းအဝိုင်းတွင် သုံးသပ်မှု အမျိုးမျိုး ရှိနေသည်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ပံ့အားပေးလျက်ရှိကြောင်း ပြောဆိုချက်ကို ကြံ့ခိုင်ရေးပါတီ အလုပ် အမှုဆောင် ဦးလှရွှေက မိမိတို့ အနေဖြင့် ယနေ့ အထိ အမေရိကန်၏ ထောက်ပံ့အားပေးမှု တပြားတချပ်မှ မရယူခဲ့ဖူးကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည်လည်း မိမိတို့ကိုယ်တိုင် လုပ်ဆောင်လာခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။ NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး ဒေါ်နန်းခင်ထွေးမြင့် က အမေရိကန်၏ ဆုပေးဒဏ်ပေး မူဝါဒမှာ မြန်မာနိုင်ငံနှင့် ကိုက်ညီဆီလျော်မှု မရှိကြောင်း၊ မြန်မာ အစိုးရအနေနှင့် လိုက်ပါလုပ်ဆောင်ရန် အမေရိကန်က ဆွဲဆောင်လမ်း သွယ်ပေးနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက အမေရိကန်၏ မူဝါဒသည် အကောင်းဘက်ကို ရွေ့နေသည် ဆိုသော်လည်း ကန့်သတ်ပိတ်ပင်မှုများ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်။ အမေရိကန် အခြေစိုက် U.S. Campaign for Myanmar မှ Jennifer Quigley က အမေရိကန်သည် အချိန်တို အတွင်း လုပ်ဆောင်မှု အများအပြား လုပ်ဆောင် ခဲ့ကြောင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး အားပေးမြှင့်တင်ရန် ကျန်ရှိနေသေးကြောင်း ပြောဆိုမှုများ ဗီအိုအေ၌ ပါရှိသည်။ မြန်မာနိုင်ငံ သည် ၂၀၁၁ ခုနှစ်တွင် စစ်အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်း ကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများ လျှော့ချပေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။