ပန်းဆိုးတန်း ဆိပ်ခံဗောတံတား အသစ်ပြန်လည် တည်ဆောက်မည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်နှင့် ဒလ ကူးလူးဆက်သွယ်ပေးသည့် ပန်းဆိုးတန်းဆိပ်ခံ ဗောတံတားကို အဆင့်မီဆိပ်ခံဗောတံတား အဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ မေ ၃၁ ရက်နေ့တွင် ပန္နက်တင်ပြီး ဇွန် ၁ ရက်နေ့မှစ၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ JFE ကုမ္ပဏီက တည်ဆောက်သွားမည် ဖြစ်ပြီး မူလဆိပ်ခံ ဗော တံတား ၏ အနောက်ဘက် ပေ ၃၀၀ အကွာတွင် တည်ဆောက်မည့် အဆင့်မီ ဆိပ်ခံ ဗောတံတားသစ်မှာ ပေ ၂၀၀ ကျော်ရှိမည် ဖြစ် ကြောင်း၊ အဆင့်မြင့် ၂ ထပ် ခရီးသည်ရိပ်သာလည်း ပါဝင်မည် ဖြစ်ကြောင်းနှင့် ဒလဘက်ကမ်းရှိ ဆိပ်ခံဗောတံတားကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောက်နေပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ နှစ်ပေါင်း ၆၀ ကျော် အသုံးပြုခဲ့သည့် လက်ရှိ ဆိပ်ခံဗောတံတားမှာ ပေ ၁၂၀ ရှည်ပြီး ပေါင်းကူးတံတား ပေ ၈၀ နှင့် ချဉ်းကပ် တံတား ပေ ၇၀ ရှိကာ နေ့စဉ် ခရီးသွား ပြည်သူ သုံးသောင်းကျော်တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။