Nation-state ပေါ်လစီ ဆိုတာကတော့ တိုင်းပြည်တခုရဲ့ (ယူဆထားတဲ့) ယဉ်ကျေးမှု နယ်နိမိတ်န့ ဲ နိုင်ငံရေး နယ်နိမိတ်တွေ လိုက်ဖက်ညီအောင် နိုင်ငံရေး အင်စတီကျူးရှင်းနည်းလမ်းနဲ့ ကြိုးစားတာကို ဆိုလိုပါတယ်။ ဒါပေမယ့်
နေရာဒေသတွေ တော်တော်များများမှာတော့ ယဉ်ကျေးမှု နယ်နိမိတ်တွေက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိလှပါ။ ဒါကြောင့် Nation-state ကို တည်ထောင်ဖန်တီးတာက လူ့အဖွဲ့အစည်းတွင်းရှိ (တကယ်ဖြစ်နေတာပဲဖြစ်ဖြစ်၊ ဖြစ်နိုင်တဲ့ အလားအလာရှိတာပဲဖြစ်ဖြစ်) ယဉ်ကျေးမှု အမှတ်လက္ခဏာတွေကြား ကွဲပြားခြားနားချက်တွေကို ဂရုမစိုက်ဘဲ ယဉ်ကျေးမှု အမှတ်လက္ခဏာတခုကို အခွင့်ထူး ပေးလိုက်တာတွေလည်း ရှိပါတယ်။ Nation-state နိုင်ငံတွေကို သမိုင်းတလျှောက် ဖော်ဆောင်ရာမှာ အတော်အသင့် နူးညံ့ပျော့ပျောင်းတဲ့ နည်းလမ်းတွေကို ရွေးချယ်ခဲ့တာရှိသလို ကြမ်းတမ်းရက်စက်တဲ့ နည်းတွေကို ရွေးချယ်သုံးစွဲခဲ့တာကိုလည်း တွေ့ရပါတယ်။
တွေ့ရတဲ့ နည်းလမ်းတွေကတော့ –
(၁) နိုင်ငံအတွင်း နေထိုင်နေကြသူတွေရင်ထဲမှာ သစ္စာခံမှုတမျိုး ထူးထူးခြားခြား ပေါ်လာအောင် ဒါမှမဟုတ် ဘုံတူညီတဲ့
ယဉ်ကျေးမှု အမှတ်လက္ခဏာတမျိုးမျိုး ပေါ်ပေါက်လာအောင် ဖန်တီးပေးခြင်း၊ စေ့ဆော်ပေးခြင်း
(၂) အဲဒီလို ဖန်တီးပေးလိုက်တဲ့ သစ္စာခံမှု ဒါမှမဟုတ် ယဉ်ကျေးမှု အမှတ်လက္ခဏာကို ချက်ချင်း မထောက်ခံသူတွေ အနေနဲ့ နောက်ပိုင်းမှာ Nation-state ရဲ့ အမှတ်လက္ခဏာကို မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်လာအောင် တိုက်တွန်းအားပေးခြင်း
(၃) နေးရှင်းစတိတ်ရဲ့ အမှတ်လက္ခဏာကို လက်ခံလာအောင်၊ ယဉ်ကျေးမှုအမှတ်လက္ခဏာ မူကွဲတွေ၊ တခြားပုံစံတွေ ပေါ်ထွက်မလာအောင် တားဆီးခြင်း၊ ရှိပြီးသား၊ ပေါ်ပေါက်ပြီးသားဆိုရင် အားနည်း ပျောက်ကွယ်သွားစေ ဖို့အတွက် လူမှုရေးအရ ဖိအားတွေပေးခြင်း၊ အကျပ်ကိုင်ခြင်း နည်းလမ်းပေါင်းစုံကို အသုံးချခြင်း၊
(၄) တချို့ဖြစ်ရပ်တွေမှာတော့ အတင်းအကျပ် ဖိအားပေးရာကနေ လူမျိုးတုံး သန့်စင်တဲ့အထိ ကျုးလွန်ခြင်း။
အမျိုးမျိုး အစားစား ကွြဲပားနေပေမယ့် အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ လူအဖွ့ဲအစည်းယဉ်ကျေးမှု အမှတ် လက္ခဏာတွေ ရှိပါတယ်။ အဲဒါတွေကို နိုင်ငံရေး အင်စတီကျူရှင်းအရ ချည်းကပ်ပြီး လေးစားလိုက်နာ ကာကွယ် စောင့်ရှောက်တဲ့ ဟာကတော့ State-nation ပေါ်လစီ ဖြစ်ပါတယ်။ လူအဖွ့ဲအစည်းယဉ်ကျေးမှုချင်း မတူကွဲပြားနေတာကို အများပြည်သူ သိအောင် နိုင်ငံရေးနည်းနဲ့ တရားဝင် ဖော်ပြတာကိုလည်း State-nation ပေါ်လစီတွေက အသိအမှတ်ပြုပါတယ်။ အချင်းချင်း အပြိုင်ဆိုင်ဖြစ်နေတဲ့ ဒါမှမဟုတ် ပဋိပက္ခဖြစ်နေတဲ့ အခွင့်အရေးတွေကို နေရာပေး လက်ခံတဲ့ စနစ်တွေလည်း State-nation ပေါ်လစီမှာ ပါဝင်ပါတယ်။ အဲဒီလိုပါဝင်အောင် လုပ်ဆောင်ရာမှာ ခွဲခြားဆက်ဆံတဲ့ ပုံစံမျိုးတွေနဲ့ အထူးအခွင့်ရေးပေးတာ၊ ဒါမှမဟုတ် အတင်းအကျပ် လက်ခံခိုင်းတာမျိုး တွေမရှိပါ။ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး အသိုက်အဝန်းထဲမှာ ပါဝင်သက်ဆိုင်တယ် ဆိုတဲ့ အသိ (ငါတို့အားလုံး we-feeling ဆိုတဲ့စိတ်ဓါတ်) တွေ ပေါက်ဖွားလာအောင်လည်း State-nation ပေါ်လစီတွေက လုပ်ဆောင်ပေးပါတယ်။
အဲဒီလို လုပ်ဆောင်ပေးတဲ့ တချိန်တည်းမှာပဲ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု အချင်းချင်း နိုင်ငံရေး သဘောဆောင်တဲ့ ကွဲပြားခြားနား နေတာတွေကို လေးစားလိုက်နာပြီး အကာအကွယ်ပေးတဲ့ အင်စတီကျူးရှင်း အရံအတားတွေကိုလည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံး ဆိုတဲ့စိတ်ဓါတ်ကို အုပ်စုအားလုံး အတွင်းမှာ ထည့်သွင်းပေးတဲ့ သဘောနဲ့ ဓလေ့ထုံးစံတွေ၊ သမိုင်းတွေ၊ ယဉ်ကျေးမှုတွေကို အဓိပ္ပါယ် သတ်မှတ်ပေးတာလည်း တွေ့နိုင်ပါတယ်။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် သင်္ကေတတွေမှာ နိုင်ငံသားတွေ နှစ်သက် စွဲလမ်းတဲ့စိတ်တွေ ပေါ်ပေါက်လာအောင်ရယ်၊ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ မျိုးချစ်စိတ်ဓတ် Constitutional patriotism တွေ ကိန်းအောင်းလာအောင်ရယ်လည်း နိုင်ငံသားတွေကို တိုက်တွန်းအားပေးပါတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာတော့ State-nation ပေါ်လစီတွေမှာ ပါဝင်တဲ့ အင်စတီကျုးရှင်း အရံအတားတွေက
ဖက်ဒရယ်စနစ် ပုံစံမျိုးနဲ့ ပေါ်ထွက်လာနိုင်ပါတယ်။ အချိုးမညီ ဖက်ဒရယ်စနစ် Asymmetrical federalism ပုံစံနဲ့ အထူးသဖြင့် မကြာခဏတွေ့ရပါတယ်။ အဲဒီ ဖက်ဒရယ်စနစ်ကို အာဏာခွဲဝေ ကျင့်သုံးရေး လုပ်နည်းလုပ်ဟန် တွေနဲ့လည်း ပေါင်းစပ်ထားပါတယ်။ နယ်မြေဒေသအလိုက် စုဝေးနေထိုင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတူ အုပ်စုတွေ တိုင်းပြည်ရဲ့အရေးကြီးတဲ့ နယ်မြေဒေသတွေအတွင်းမှာ တခုထက်မက အထင်ကရ ရှိနေတယ်ဆိုပါတော့။ အဲဒီလိုနိုင်ငံမျိုးတွေ အားလုံးနီးပါးကို မျက်မှောက်ခေတ်မှာ ဒီမိုကရေစီနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ထိန်းသိမ်းထားဖိ့ုဆိုရင် ဖက်ဒရယ်စနစ် သက်သက်နဲ့တင် မဟုတ်ဘဲ (ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ အိန္ဒိယနိုင်ငံတွေမှာလို) အချိုးမညီဖက်ဒရယ် စနစ်ကျင့်သုံးမှသာ အလုပ်ဖြစ်ပါတယ်။
ဒါမှမဟုတ် ဖက်ဒရေစီ (federacy) ကို ကျင့်သုံးတဲ့ Unitary nation state (တပြည်ထောင် အမျိုးသားနိုင်ငံ) စနစ်ဆိုမှပဲ
အလုပ်ဖြစ်နိုင်ပါတယ်။ ဖက်ဒရေစီ (federacy) ဆိုတာကတော့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအရ ထင်ရှားတဲ့ ပြည်နယ် ဒါမှမဟုတ် ဒေသတခု ဖြစ်ပါတယ်။ သူက အချိုးမညီ ဖက်ဒရယ်စနစ်တွေ ကနေတဆင့် ဗဟိုအစိုးရနဲ့ ဆက်နွှယ်မှုတွေ ရှိထားပါတယ်။ အချိုးမညီ ဖက်ဒရယ်စနစ်တွေသာ မရှိရင် အဲဒီနိုင်ငံကို Unitary နိုင်ငံလို့ ပြောလို့ရပါတယ်။ ဆိုလိုတာကတော့ တချို့ (အားလုံးမဟုတ်) ပြည်နယ်ဒေသတွေရဲ့ ယဉ်ကျေးမှုအရ၊ သမိုင်းအရ အထူးအခွင့်အရေးတွေကို အခြေခံဥပဒေထဲမှာ ထည့်ပေးထားပြီး တစ်ခုတည်းသော ဒီမိုကရေစီ နိုင်ငံစနစ်ကြီးထဲမှာ ပေါင်းစည်းထားနိုင်မယ်လို့ တချိန်ချိန်မှာ ဆုံးဖြတ်လိုက်ရင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံတွေပါ။ သက်ဆိုင်ရာ ပြည်နယ်ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ၊ လုံခြုံရေးအရ၊ သမိုင်း အမှတ်လက္ခဏာတွေအရ သီးသန့်စဉ်းစားပြီး ပေးအပ်တဲ့ အခွင့်အရေးတွေပါ။
အိန္ဒိယ၊ စပိန်၊ ဘယ်လ်ဂျီယမ်နဲ့ ကနေဒါနိုင်ငံ ခေါင်းဆောင်တွေက သူတို့တိုင်းပြည်မှာ ဘာသာစကား တမျိုးတည်းကိုသာ ပြောဆိုသုံးစွဲရမယ်၊ ယဉ်ကျေးမှု တခုတည်းကိုသာ ကျင့်သုံးရမယ်လို့ အတင်းအကျပ် ကြိုးစားခဲ့ရင်၊ (တတိယမြောက် ပြင်သစ်သမ္မတနိုင်ငံမှာ လုပ်သလိုမျိုး Nation-state ပေါ်လစီတွေကို တပုံစံတည်း လုပ်ဆောင်ခဲ့ရင်) လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု၊ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်းနဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေ (အဲဒီနိုင်ငံတွေမှာ အခုရထားသလိုမျိုး) ကို အပြည့်အဝရနိုင်လိမ့်မယ် မဟုတ်ပါ။ အကြောင်းကတော့ အဆိုပါနိုင်ငံတွေမှာ နယ်မြေဒေသကို အခြေခံတဲ့၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နေတာကလည်း တခုထက်မက ရှိနေပါပြီ။ အဲဒီလို နိုင်ငံရေး အသွင်လက္ခဏာတွေ ပြည့်နှင့်နေပြီးသားဖြစ်တဲ့ မတူကွဲပြားမှုတွေကို ဖိနှိပ်ချုပ်ချယ်ထားမလား၊ ဒါမှမဟုတ် နေရာပေး လက်ခံမလား ဆိုတာက မဟာဗျူဟာကျတဲ့ မေးခွန်းဖြစ်လာပါတယ်။
ဂန္တဝင် ပြင်သစ်ပုံစံ Nation state ဆိုတာကို ငါတို့အားလုံး (we-feeling) စိတ်ဓာတ် အပေါ်မှာ အခြေခံထားပါတယ်။ We-feeling စိတ်ဓာတ်ဆိုတာကလည်း လက်ရှိ ရှိထားပြီးသား ဒါမှမဟုတ် နောက်ပိုင်းကျမှ ကြိုးစားဖန်တီးလိုက်တဲ့ တသားတည်းဖြစ်ခြင်း (Homogeneity) ကနေ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် ပြင်သစ်ပုံစံနဲ့ မကိုက်ညီတဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြောင်း စဉ်းစားရာမှာ အထောက်အကူပြုအောင် State-nation (လူမျိုးစုံ ချစ်ကြည်ရင်းနှီးနိုင်ငံ) ဆိုတဲ့ စကားလုံးကို ကျနော်တို့ မိတ်ဆက်သုံးစွဲပါတယ်။ Nation-state နဲ့ State-nation ဆိုတာက နိုင်ငံရေး အယူအဆချင်းသာ ကွာခြားရုံတင် မဟုတ်သေးဘဲ သူတို့အသီးသီးစီရဲ့ ပေါ်လစီတွေ၊ နှုန်းစံတွေ၊ မတူကွဲပြားမှုကို အသိမှတ်ပြု နေရာပေးလက်ခံတဲ့ အင်စတီကျုးရှင်းတွေ ဘယ်လိုကွာခြားသွာလဲ ဆိုတာသိရအောင် ဇယား ၁ မှာ အကျဉ်းချုပ်ဖော်ပြထားပါတယ်။
ဗဟုအသွင်ဆောင်တဲ့ နိုင်ငံတခုက စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ State-nation တခုအဖြစ် နီးစပ်သွားပြီဆိုရင် အခုဖော်ပြတဲ့ ပုံသဏ္ဍန် ၄ ခုကို ရှိလာမယ်လို့ မျှော်လင့်ရပြီး ရှိ၊ မရှိဆိုတာကိုလည်း လက်တွေ့မှာ
သက်သေပြနိုင်ပါတယ်။
(၁) နိုင်ငံသားတွေကြားမှာ ယဉ်ကျေးမှု အမှတ်လက္ခဏာတွေ အမျိုးမျိုးအစားစား ရှိနေပေမယ့် နိုင်ငံတော်ကို အကောင်းမြင်ထောက်ခံမှု ခိုင်ခိုင်မာမာ ရှိထားပြီး၊ နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူစိတ်တွေလည်း ပြင်းပြကြပါတယ်။
(၂) နိုင်ငံသားတွေမှာ နိုင်ငံရေး အမှတ်လက္ခဏာတွေနဲ့ နိုင်ငံရေးသစ္စာခံမှုတွေ များပြားစုံလင်ပေမယ့် တခုကိုတခု အထောက်အကူပြုပါတယ်။
(၃) အခြေခံဥပဒေဆိုင်ရာ၊ တရားဥပဒေကြောင်းဆိုင်ရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အင်စတီကျူးရှင်းအနေဖြင့် ယုံကြည်စိတ်ချမှု မြင့်မြင့်မားမားရှိပါတယ်။
(၄) ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ မတူညီကွြဲပားပေမယ့် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီကို ထောက်ခံမှုက
ကမ္ဘာ့စံသတ်မှတ်ချက်များနှင့် နှိုင်းစာရင် အတော်အသင့် မြင့်မားပါတယ်။ အဲဒီလိုပြောရာမှာ နိုင်ငံတခုလုံးကို
အုပ်ချုပ်ရာမှာ အသုံးပြုတဲ့ ဒီမိုကရက်တစ် အင်စတီကျုးရှင်းများအပေါ် ထောက်ခံမှုလည်း ပါဝင်ပါတယ်။
State nation တွေကို စတင် တည်ထောင်ခါစမှာ အဆိုပါ ပုံသဏ္ဍန် ၄ ခု ရှိနှင့်နေပြီးသား မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ နောက်ပိုင်းကျမှသာ ထုဆစ်ဖန်တီးရပါတယ်။ ပေါ်လစီတွေကို တမင်ချမှတ်၊ ပုံစံရေးဆွတဲ့ အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ အခုတော့ State-nation w တခုရဲ့ အပြုအမူတွေနဲ့ တန်ဖိုးတွေကို ဘယ်လိုထုဆစ် ဖန်တီးပေးနိုင်သလဲ ဆိုတာရယ် ထုဆစ်ဖန်တီးပေးပြီးရင် ဘယ်လိုဆက်ပြီး အထောက်အပံ့ ပေးရတယ်ဆိုတဲ့ မေးခွန်းတွေကို လေ့လာပြီး ဖြေကြည့်ပါမယ်။
State-nation မူဝါဒများ
State-nation တခု ပေါ်ပေါက်လာပြီး ဆက်လက် တည်တံ့ခိုင်မြဲစေဖို့ အဓိက အခန်းကဏ္ဍကနေ အထောက်အကူ ပေးနေတဲ့ ပေါ်လစီတွေ၊ အင်စတီကျုးရှင်းတွေကို ရွေးချယ်ပေးလိုက်ရတာ ရှိပါတယ်။ အဲဒီလို ရွေးချယ်ပေးရတာတွေက လက်တွေ့မှာလည်း ရှိသလို၊ သဘောတရားပိုင်း စာတွေ့ပိုင်းမှာလည်း ရှိတယ်ဆိုတာ အခိုင်အမာ ပြောနိုင်ပါတယ်။ ပါဝင်တာတွေကတော့ –
(၁) အချိုးမညီ၊ အတူပေါင်းစည်း ဖက်ဒရယ်စနစ်ကို ရွေးချယ်ရပါတယ်။ ဒါပေမယ့် အချိုးညီ အတူယှဉ်တွဲ ဖက်ဒရယ်စနစ်တွေ၊ ယူနီထရီ စနစ်တွေကိုတော့ မရွေးချယ်ရပါ။
(၂) တသီးပုဂ္ဂလ အခွင့်အရေးတွေကို အားလုံးက စုပေါင်း (အုပ်စုလိုက်) အသိအမှတ် ပြုပေးရပါတယ်။
(၃) သမ္မတစနစ်၊ ရောစပ်စနစ်တွေ မဟုတ်ပဲ ပါလီမန် အစိုးရစနစ်ကို ရွေးချယ်ရပါတယ်။
(၄) နိုင်ငံအနံှ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတဲ့ပါတီတွေ၊ ဗဟိုလိုလားးတဲ့ ဒေသဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ အလုပ်ရာထူးတွေ။
(၅) နိုင်ငံရေးအရ ပေါင်းစည်းသွားပေမယ့် ယဉ်ကျေးမှုအရ တသားတည်း ဖြစ်မသွားတဲ့ နိုင်ငံသားတွေ ရွေးချယ်ပေးရပါတယ်။
(၆) ခွဲထွက်လိုစိတ်ရှိသူ အမျိုးသားရေး ဝါဒီတွေကို ဆန့်ကျင်ပြီး ယဉ်ကျေးမှု အလေးပေး အမျိုးသားရေးဝါဒီတွေက
စည်းရုံးလှုပ်ရှားနေ အာဏာရနေပါတယ်။
(၇) အမျိုးအစား များပြားနေပေမယ့် တခုကိုတခု ဖြည့်ဖက်ဖြစ်နေတဲ့ အမှတ်သရုပ်လက္ခဏာတွေ။
အခုပြောထားတဲ့ ရွေးချယ်ချက်တွေကို ထည့်သွင်း ဌာပနာထားသော “nested” ဆိုပြီး ဝိသေသ တပ်ထားပါတယ်။ အကြောင်းကတော့ အရင်ရွေးချယ်ထားတာ အပေါ် မူတည်ပြီး နောက်ရွေးချယ်ထားတာတွေ အောင်မြင်၊ မမြင်ဆိုတာက မူတည်သွားလို့ပါ။ ဒါကြောင့်မို့ပါပဲ အုပ်စုလိုက် အသိအမှတ်ပြုခြင်းဆိုတဲ့ ဒုတိယမူဝါဒကို ဖက်ဒရယ် (အချိုးမညီ ဖက်ဒရယ်တော့ ဖြစ်ရပါမယ်) ဆိုတဲ့ ပထမမူဝါဒထဲမှာ ထည့်ထားတာပါ။
မဟာမိတ်ဖွ့ဲ လုပ်ဆောင်တတ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ၄ ခုမြောက် ရွေးချယ်မှုပါ။ ၃ ခုမြောက် ရွေးချယ်မှုဖြစ်တဲ့ ပါလီမန်အစိုးရစနစ်ကို ရွေးချယ်ထားရင် ၄ ခုမြောက် ရွေးချယ်မှုဖြစ်တဲ့ အဆိုပါ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေ ပေါ်ထွက်လာဖို့က လွယ်ကူသွားပါတယ်။ အကြောင်းကတော့ ပါလီမန် အစိုးရစနစ်အောက်မှာ အုပ်ချုပ်ရေးကဏ္ဍက မျှဝေနိုင်တဲ့ အကျိုးအမြတ်တခု ဖြစ်လာပါတယ်။ များပြားစုံလင်ပေမယ့် ဖြည့်ဘက်ဖြစ်နေတယ် ဆိုတဲ့
အမှတ်သရုပ် လက္ခဏာတွေက ၇ ခုမြောက် ရွေးချယ်မှုအနေနဲ့ အောင်မြင်ဖို့ဆိုရင် ၆ ခုမြောက်ရွေးချယ်မှု
အောင်မြင်တဲ့အပေါ် အကြီးအကျယ် မူတည်နေပါတယ်။
အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)