ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အခြေစိုက် အစိုးရ စစ်တပ်က ဖမ်းဆီးထားသည့် SNLD ၏ ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ကျေး) စည်းရုံးရေးမှူး ဦးအိုက်ကိန်ကို မေ ၂၉ ရက် ညနေပိုင်းက ပြန်လွတ်လိုက်ကြောင်း သိရသည်။ ဦးအိုက်ကိန်ကို မေ ၅ ရက်က ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ၂၅ ရက် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း၊ ၎င်းပြန်ထွက်လာသည့် အချိန် ၌ မျက်နှာတွင် ဒဏ်ရာအနည်းငယ်နှင့် လက်တွင် ကြိုးတုပ်ထားသည့် ဒဏ်ရာကို တွေ့ရသည်ဟု SNLD ပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း ဥက္ကဋ္ဌ ဦးစိုင်းလုံက ဧရာဝတီကို ပြောသည်။ ဦးအိုက်ကိန်ကို ကျိုင်းတုံ အခြေစိုက် အစိုးရ ခလရ တပ်ရင်း ၂၄၅ က မေ ၅ ရက်က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး မေ ၉ ရက် မနက်၂ နာရီတွင် ကျိုင်းတုံမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ကာ ၁၇/၁ ဖြင့် အမှုဖွင့်ခံထားရသူ ဖြစ်ကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ မတရား အသင်း ဆက် သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီး ထောင်ချခံထားရသူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေး ပါတီ တချို့က အစိုးရကို ၂၀၁၃ ခုနှစ် အတွင်းက တင်ပြတောင်းဆိုခြင်းများရှိသော်လည်း တုံ့ပြန်မှု မရှိသေးကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။