ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ကျော်ကျော်လင်း အစား ဗိုလ်မှူးချုပ် သန်းထွတ်သိန်း ဖြင့် အစား ထိုးရန် ကာကွယ်ရေး ဦးစီချုပ်၏ တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်က ယနေ့ သဘောတူ ပြောင်းလဲ ခန့်အပ်ကြောင်း သိရသည်။ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည် ဖော်မှုကော်မတီတွင် အဖွဲ့ဝင် ၃၁ ဦး ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ပါဝင်ကြောင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။