ပြည်ပမှ တရားမဝင် ဝင်ရောက်လာသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များ ရောင်းဝယ်မှုများ ရပ်တန့်ရန် ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ သတိပေးချက် ဖော်ပြထားသည်။ ယင်းပစ္စည်းများ ရောင်းဝယ်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ကြီးကြပ် ကန့်သတ်မှုဖြင့် ပြည်တွင်း၌ တရားဝင်ထုတ်လုပ်၍ အခွန်ပေးဆောင် လုပ်ကိုင်သည့် လုပ်ငန်းများကို နစ်နာစေကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။