မိုဘိုင်းလ်ဖုန်းမှ တဆင့် ငွေလွှဲနိုင်မည့် (Mobile Money) အစီအစဉ်တရပ်ကို အူရီဒူးမြန်မာနှင့် CB ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်မည် ဖြစ်ကြောင်း ယမန်နေ့ထုတ် Commerce စီးပွားရေး သတင်းဂျာနယ်၌ ဖော်ပြထားသည်။ ယင်းအတွက် CBဘဏ် နှင့် အူရီးဒူးမြန်မာတို့ ပူးပေါင်း၍ မိုဘိုင်းလ် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အူရီဒူးမြန်မာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။