မြန်မာနိုင်ငံတွင် တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများမှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် ဥပဒေ ၁၃၆ ခု ရှိကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ အထိ အဖွဲ့အစည်းနှင့် ဝန်ကြီး ဌာန ၂၇ ခု တွင် ကျင့်သုံးနေသည့် တည်ဆဲ ဥပဒေပေါင်း ၄၀၁ ခု ရှိကြောင်း၊ ယင်းတို့ အနက်မှ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေ အနေများနှင့် ဆီလျော်ညီညွတ်မှု မရှိသည့် ဥပဒေများ၊ နည်းဥပဒေများကို စိစစ်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက စိစစ်ရာ ရုပ် သိမ်းရန် ဥပဒေ ၉ ခု၊ ပြင်ဆင်ရန် ဥပဒေ ၆၇ ခု၊ ရုပ်သိမ်း၍ အသစ်ရေးဆွဲရန် ဥပဒေ ၄၁ ခု၊ အသစ်ရေးဆွဲရန် ဥပဒေ ၁၉ ခု ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။