အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံ စသည့် သုံးနိုင်ငံခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း VOA သတင်းတွင် ပါရှိသည်။ ၎င်း၏ ခရီးစဉ်သည် အာဆီယံနဲ့ အမေရိကန် အကြား ကုန်သွယ်ရေး တိုးမြင့်ရန် ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးကူညီမည် ဖြစ်ကြောင်း၊ မြန်မာစီးပွားရေး အသိုင်းအဝိုင်းများ အပြင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး အားပေးသကဲ့သို့ တဖက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိရန်၊ မြန်မာစစ်တပ်နှင့် ဆက်စပ် ဆောင် ရွက်မှု မလုပ်ရန် အမေရိကန် အစိုးရက တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။