မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (Civil Society) များနှင့် အစိုးရ၊ ပုဂ္ဂလိက ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများ၊ အာဆီယံ လူမှုအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးကိစ္စ၊ လူငယ်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် တိုင်းရင်းသားဒေသ အတွင်းရှိ အမျိုးသမီးများ၏ ကဏ္ဍများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် အမျိုးသမီးရေးရာ ကိစ္စများကို ဆက်တိုက်လှုပ်ရှားဆောင်ရွက်နေသူ ဒေါ်ခင်ဥမ္မာကို ဧရာဝတီသတင်းဌာန အကြီးတန်းသတင်း ထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ဧရာဝတီ ။ ။ အစ်မအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ အချိန်ကစလို့ ဘာတွေလုပ်ဖြစ်နေပြီလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ အစ်မ မြန်မာပြည်ကို ပြန်ရောက် လာတာ တနှစ်ကျော်ရှိပြီ၊ ရောက်လာကတည်းက အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင် တယ်။ လူ့အခွင့်အရေးအတွက် ကိုယ့်နိုင်ငံကို မှန် ကန်တဲ့ အပြောင်းအလဲဖြစ်စေဖို့ လုပ်နေတယ်။ ပြည်သူလူထုအတွက် ကောင်းကျိုးဖြစ်စေတဲ့အပြောင်း အလဲပေါ့။ ဒီမိုကရေစီခေတ်မှာ ကောင်းမွန်တဲ့အပြောင်း အလဲ တခုပေါ့။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုးမြှင့်လာဖို့ လုပ်တယ်။ အစ်မတို့နိုင်ငံက လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ အြွေကးကျန်တဲ့ နိုင်ငံပေါ့။ လူ့အခွင့်အရေး အခြေအနေ ဘယ်လောက်အထိ ကောင်းမွန်လာသလဲ အပြောင်းအလဲ ဘယ်လောက် ရှိသလဲဆိုတာကို တိုင်းတာတဲ့သဘောပါ။ ဒါကြောင့် လူ့အခွင့်အရေးကိစ္စကို ဦးစားပေးလုပ်တယ်။ အရပ်ဘက် အဖွဲ့အစည်း တွေရဲ့ လူ့အခွင့်အရေးကိစ္စအပေါ် မှာ တိုးမြှင့်လုပ်ဆောင်လာဖို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားသူတွေ အားလုံးကိုပေါ့။ အဲဒီလို လှုပ်ရှားသူတွေကို သူတို့တွေရဲ့အခွင့်အရေးသာမကဘဲ အများပြည်သူရဲ့အခွင့်အရေး ရဖို့ ကြိုးစားနေကြ တဲ့လူတွေက သူတို့အတွက် ကာကွယ်စောင့်ရှောက်မှု လုံခြုံမှုရဖို့ မူအရ ဥပဒေကြောင်းအရ ဥပဒေအဆောက် အအုံ ဘယ်လောက်အထိ အာမခံချက် ပေးနိုင်လဲ၊ လုပ်ပေးနိုင်လဲ ဆိုတာကို တွန်းအားပေး နိုင်ဖို့ လာပြီး လုပ်နေတာပေါ့။ အထူးသဖြင့်တော့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး လုပ်ဖြစ်နေတယ်။
တိုင်းပြည်က တံခါးပိတ်ထားတာ ကြာပြီ၊ ဒါပေမယ့် တံခါးဖွင့်လိုက်တဲ့ အချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေး၊ လူမှုရေးနဲ့ ချေးငွေစတဲ့ ကိစ္စမျိုးစုံမှာ အလုံးအရင်းနဲ့ ဝင်လာကြတာဆိုတော့ ဒီအချိန်မှာ ပြည်သူတွေ ရဲ့ လူ့အခွင့်အရေးရရှိရေးကိစ္စ တွေကိုရော ဘယ်လိုမျိုး ဆောင်ရွက်ပေးနေပါလဲ။
နိုင်ငံက တံခါးပိတ်ထားတာ ကြာပြီဆိုတော့ တံခါးဖွင့်လိုက်တဲ့အချိန်မှာ နိုင်ငံတကာ အသိုင်း အဝိုင်းတွေ အများကြီး ဝင်လာတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းလို့ ဆိုတဲ့နေရာမှာ ကိုယ့်ပြည်သူအတွက် အကျိုးရှိတဲ့ အသိုင်းအဝိုင်းတွေပါသလို အကျိုးမဖြစ် စေဘဲနဲ့ ဆိုးကျိုးရောက်စေနိုင်တာတွေလည်း ပါလာတော့ အကောင်း အဆိုး ဒွန်တွဲနေတာပဲလေ။ ဒါကြောင့် မို့လို့ ကမ္ဘာ့ဘဏ်လား၊ အာရှဘဏ်လား၊ နိုင်ငံတကာ ငွေကြေးအဖွဲ့ အစည်းတွေ၊ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမယ့် လုပ်ငန်းရှင်ကြီးတွေ ဝင်လာတဲ့အခါကျရင် ကိုယ့်နိုင်ငံက ပြည်သူလူထု ရဲ့ အကျိုးစီးပွားကို ကာကွယ် ထားနိုင်တဲ့ ဥပဒေကောင်းတွေကို နည်းဥပဒေတွေ တရားရေးစနစ်တွေ တရား ရေးမဏ္ဍိုင်တွေ ဘာမှမရှိ သေးတဲ့ အချိန်ဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့ အရင် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာတင် မကဘဲနဲ့ ငွေရှင် ကြေးရှင်ကြီးတွေရဲ့ ငွေနဲ့ဖိလို့ ဘဝ ပျက်ရတဲ့ စီးပွားပျက်ရတာမျိုး မဖြစ်အောင် ပြည်သူ လူထုတွေက ကိုယ့်အခွင့်အရေးကို ဘယ်လိုကာကွယ် ပြီးတော့မှ ကိုယ့်နိုင်ငံ အပြောင်းအလဲကို တကယ်ပဲ ပြည့်ပြည့်ဝ၀ ပြောင်းလဲနိုင်မလဲ ဆိုတာမျိုးပေါ့။
ဒါကြောင့်မို့လို့ အစ်မတို့အနေနဲ့ ကိုယ့်နိုင်ငံ အပြောင်းအလဲကို တကယ်ပဲ တတ်သိနားလည်တဲ့ ပညာရှင်ကြီး တွေကို ခေါ်လာပြီးတော့မှ မြန်မာနိုင်ငံက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပေးတွေ့ တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သတင်း အချက်လက်တွေ ပိုပြီးတော့ သိလာအောင်၊ သတင်းအချက်အလက်တွေ ပိုပြီး တော့ ရနိုင်အောင် ကွန်ရက်တွေ ဖြစ်ကုန် အောင် ပြင်ပနဲ့ အတွင်းမှာ ချိတ် ဆက်မှုတွေဖြစ်လာအောင် လုပ် ပေးတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အပြောင်းအလဲ၊ ကိုယ့်ကံကြမ္မာ ကို ကိုယ်ဖန်တီးနိုင်တဲ့ လက် တွေ့ ကျင့်သုံးမှု ဖြစ်စေချင် တာပေါ့။ ဖွံ့ဖြိုးရေးပါဆိုပြီး ငွေထုပ်ကြီးတွေနဲ့ ရောက် လာပြီး ပြည်သူ့ လက်ထဲ မရောက်ဘူးဆိုရင် တို့နိုင်ငံက အရင်ကတည်းက အဆင်းရဲ ဆုံး နိုင်ငံဖြစ်နေပြီး အြွေကး တွေက မဆပ်နိုင်၊ မွဲတေလျက် မွဲတေမြဲဆိုတော့ ဒုံရင်း ထက်တောင် ပိုပြီးမွဲတေသွား လိမ့်မယ်။
မီဒီယာတွေ ဆိုရင်လည်း သတင်းအချက်အလက်တွေ ရဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ ဥပမာ ကမ္ဘာ့ဘဏ်ဆိုလည်း ဘာဆိုတာ သိအောင်၊ သူတို့တွေ ဘာအလုပ်လုပ်တယ်ဆိုတာကို သိအောင် မျိုးပေါ့။ တကယ်လို့ သူတို့ဘာလုပ်မှန်း မသိရင်၊ ရှင်းလင်းပွဲသွားပြီး ကိုယ်က အချိန် ၂ နာရီ ၃ နာရီ ပေးလိုက်ရတာ အလကားဖြစ်သွားတာပေါ့။ ကိုယ်တွေကတော့ ရှင်းလင်းပွဲအပြီး ပြန်လာတယ်၊ ဘာမှ မရလာဘူး။ သူတို့က လည်း သူတို့ရဲ့ အစီရင် ခံစာထဲမှာ မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ တွေ့ပြီးပြီလို့ အစီအရင်ခံ မယ်ဆိုရင် သူတို့ အထက် အရာရှိတွေက မြန်မာပြည်အတွက် ငါတို့ သွားလုပ်တာတွေက လမ်းကြောင်းမှန်နေ သားပဲလို့ တွေးမှာပေါ့။ ဒါပေမယ့် ကိုယ်တွေက ဘာမှ မသိ လိုက်ရဘူးလေ။ ဒါဆိုရင် ပြည်သူ့အတွက် အသိပေး ရတာ အားနည်းသွားမယ်။
ဧရာဝတီ ။ ။ မြန်မာနိုင်ငံကို ပြန်ရောက်လာတော့ အစိုးရ အပါအဝင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလုပ် လုပ်ကိုင်ရတဲ့ အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိနေ ပါလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ အစ်မအနေနဲ့ကတော့ အစိုးရနဲ့ တိုက်ရိုက် ဆက်စပ်ပြီး အလုပ်လုပ်ရတာမရှိသေးဘူး။ ဒါပေမယ့် အာဆီယံ လူထုဖိုရမ်နဲ့ ပတ်သက်ပြီးတော့ အကောင် အထည်ဖော်ခဲ့ရတဲ့ အခါမှာတော့ အစိုးရနဲ့ ပတ် သက်ရတာရှိပေမယ့် အစ်မနဲ့ တိုက်ရိုက်ပတ်သက်ရ တာမျိုး မဟုတ်ဘူးဆိုတော့ ဆက်ဆံရေးအတွက်က ပြောရခက်တယ်။
ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင် ရတဲ့နေရာမှာ ကိုယ်တွေလို နယ်စပ်က ပြန်ရောက် လာကြတဲ့သူ တွေကို ကြိုဆိုတဲ့ လက်ခံတဲ့သူတွေလည်း ရှိသလို၊ တချို့လည်း အရင် အာဏာရှင်လက်အောက် မှာနေတဲ့ အချိန်တုန်းက အစ်မတို့ကို အစိုးရအတိုက် အခံလို့ သတ်မှတ်ကြပြီးတော့မှ အစိုးရရဲ့ ရန်သူ၊ နိုင်ငံရဲ့ ရန်သူလို မျိုး သတ်မှတ်ခံခဲ့ရတဲ့ အချိန်မှာ အခုချိန်ထိ ကြောက်စိတ်ဝင်ပြီးတော့ ကိုယ်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ မဝံ့မရဲဖြစ်နေ တဲ့သူတွေလည်း ရှိတယ်။
ဧရာဝတီ ။ ။ ပြည်တွင်းက အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေး အခြေအနေကရော ဘယ်လိုရှိနေပါလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ အရပ်ဘက် အဖွဲ့အစည်းလို့ မြင်ရတာက ခြုံပြောရင်တော့ တခုတည်းပေါ့။ ဒါပေမယ့် ခေါင်းစဉ်အလိုက် ခွဲပြီးပြောရ မယ်ဆိုရင်တော့ အနည်းဆုံး ၃ ခုလောက် ရှိတယ်။ ပထမဆုံးတခု က တပါတီ အာဏာရှင်၊ စစ် အာဏာရှင်ခေတ်ကို ဖြတ်သန်း လာခဲ့ပြီးတော့ အချိန်တခုမှာ အစိုးရဝန်ထမ်းအဖြစ်က ရပ် လိုက်ကြတဲ့သူတွေ၊ အဲဒီအချိန် မှာ ပင်စင်စားပြီးတော့ အသက် အရွယ်အရရော၊ တာဝန်ပေးမှုအရ ရော သို့မဟုတ် သဘောတရား ၂ ခုစလုံးအရ NGO ဆိုတဲ့လောကမှာ ကျင်လည်လာ ကြတာ ရှိတယ်။ သူတို့တွေက အစိုးရဝန်ထမ်း မဟုတ်တော့ ပေမယ့် တသက်လုံး အစိုးရဝန်ထမ်း ဖြစ်လာတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နေရတာ တောင်မှ အစိုးရရဲ့ဩဇာကို မလွန်ဆန်နိုင်တဲ့သူတွေ ရှိတယ်။
နောက်တခုက နှစ်ပေါင်း ၂၅ နှစ်လောက် အာဏာရှင်ကိုတော်လှန်လာကြတဲ့သူတွေပေါ့။ အဲဒီ အထဲက တချို့လည်း အရပ်ဘက် အဖွဲ့အစည်းတွေ တည်ထောင်တဲ့ သူတွေလည်းရှိတာပေါ့၊ အာဏာ ရှင်ကို စဉ်ဆက်မပြတ် တော်လှန်လာတော့ သူတို့ လည်း Civil Society ပဲ၊ သူတို့ကလည်း တိုင်းပြည် တံခါးပွင့်လာတဲ့အချိန်မှာ မတရားတဲ့ဥပဒေ၊ မတရား တဲ့ အပြုအမူတွေကို ဆန့်ကျင်နိုင်အောင် ကြိုးစား နေကြတယ်။ ပြည်သူဆိုးကျိုးနစ်နာမှုတွေ မရှိအောင် ပြည်သူတွေဘက်က ရပ်တည်ပေးနေကြတယ်။ ဥပမာ အစ်မ နော်အုန်းလှလို လူမျိုးတွေ၊ ထောင်ကျသွား ကြတဲ့ ဦးဝင်းချိုတို့လို လူမျိုးတွေ၊ လူငယ်ထဲကဆို ကိုမိုဃ်းသွေး တို့လိုပေါ့။ နောက်တဖွဲ့က နာဂစ် ဖြစ်ပြီးတဲ့နောက်ပေါ့၊ ပြည်သူက ဆီလိုရင် ဆီ၊ ဆန် လိုရင် ဆန်၊ တတ်နိုင်သမျှ ဝန်ဆောင်မှုပေးတယ် ဆိုတဲ့ အဖွဲ့လိုမျိုးတွေပေါ့။ သူတို့ကတော့ နိုင်ငံရေးနဲ့ မပတ်သက်ဘူး၊ လုပ်လည်းမလုပ်ဘူး၊ နိုင်ငံရေးနဲ့ ကင်းကင်းနဲ့နေမယ် ဆိုတာမျိုးပေါ့။
နောက်တခု ကျန်တာကတော့ အာဏာရှင် လက်ထက်ကတည်းက အာဏာရှင်ရဲ့ ဖွဲ့စည်းမှုနဲ့ ရှိနေတဲ့ အမျိုးသမီးရေးရာလို အဖွဲ့မျိုးတွေပေါ့။ အမျိုးသမီးရေးရာလို အဖွဲ့မျိုးဆိုရင် တိုင်းပြည် အပြောင်းအလဲဖြစ် လာတဲ့အချိန်မှာ အရင်ကအတိုင်း ပဲ မြို့နယ်မှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနားမှာ အတူတူ ရုံးကပ်ပြီးတော့ အတူတူ တရုံးထဲမှာရှိလို့ မရတော့ဘူးလေ။ ဒီမိုကရေစီစနစ်မှာလေ။ အင်္ဂလိပ် လိုခေါ်မယ်ဆိုရင်တော့ Government Organization NGO (Gongo) ပေါ့၊ Gongo ဆိုတာက အစိုးရအနေနဲ့ ဦးဆောင်ပြီးတော့ ကမကထ လုပ်ပြီး ဖွဲ့ပေးထားတာ သို့မဟုတ် အစိုးရရဲ့အသံကိုပဲ ပြော ပေးတာဆိုတော့ အဲဒါတွေက အာဏာရှင်တွေက ဖွဲ့ပေးထားတာ၊ အာဏာရှင်ဆိုတာက တပါတီစနစ် ဖြစ်ချင်ဖြစ်မယ်၊ အစိုးရပိုင်းလည်း ဖြစ်ချင်ဖြစ်မယ် ပေါ့။ အာဏာရှင် လက်အောက်မှာမှ သူတို့ရပ်တည် ကြတာပေါ့။ သူတို့ကတော့ ဒီအချိန်မှာ သူတို့ကိုယ် သူတို့ Civil Society လို့တော့ ပြောတာပဲ။
ဒါနဲ့ လေးမျိုးလောက်ဖြစ်တယ်။ ဒီလေးမျိုးထဲမှ အာဏာရှင်တွေကို ခေတ်အဆက်ဆက် တော်လှန် ပြီး ဖြတ်သန်းလာတဲ့ လူအုပ်စုတွေကျတော့ ကိုယ် တွေနဲ့က မဝေးတော့ဘူး။ ခုနက နိုင်ငံရေးနဲ့ ဝေးဝေး နေမယ်ဆိုတာမျိုးကျတော့ ကိုယ်တွေနဲ့ မပတ်သက် ချင်ဘူး။ အစိုးရ Gongo လိုမျိုးကျတော့ ကိုယ်တွေ ကို မကြိုက်မြဲ မကြိုက်ရဲ ကြည့်မရမြဲ မုန်းမြဲမုန်းလျက် ဖြစ်နိုင်တယ်လို့ ထင်တယ်။ ဒါပေမယ့် ဟုတ်ချင်မှ လည်း ဟုတ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ် တွေက မဆက်ဆံဘူးတာဆိုတော့ သိပ်တော့မသိဘူး။ ဒါပေမယ့် အစိုးရကို အတူတူ တွန်းလှန်လာကြတဲ့ သူတွေထဲမှာတောင်မှ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ သူတွေက ပြင်ပကပြန်လာတဲ့သူတွေအပေါ်မှာ တချို့ အမြင်တွေက ကြိုဆိုလက်ခံပေးမှု ပိုင်းမှာတော့ မတူ တဲ့ အပိုင်းလေးတွေ ရှိတယ်။
တချို့ကတော့ပြည့်ပြည့်ဝဝကြိုဆိုတယ်။ တချို့ ကတော့ ကန့်သတ်မှုနဲ့ကြိုဆိုတယ်။ အကြောင်းကြောင်း တွေတော့ ရှိမှာပေါ။့ ဒါပေမယ့် အံ့ဩစရာတော့ မရှိပါဘူး၊ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အစ်မလုပ်စရာရှိတာ လုပ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခုနကပြောခဲ့တဲ့ အဖွဲ့တွေအားလုံးနဲ့ တွေ့ ဖူးတယ်။ အရင်က အာဆီယံ ပြည်သူ့ဖိုရမ် လုပ်ရင်း အစိုးရ Gongo တွေ၊ NGO အယောင်ဆောင် အရပ်ဘက် အဖွဲ့အစည်း မျက်နှာဖုံးစွပ်ထားတဲ့သူ တွေ အများကြီးတွေ့ရတယ်။ ကိုယ့်ဘက်က ဒီလိုမျိုး ကိစ္စတွေကို ယုံကြည်ပြီးလုပ်တဲ့သူတွေလည်း အများ ကြီး တွေ့တာပဲ။ အစ်မတယောက်တည်းရဲ့ ယုံကြည် ချက်ကတော့ အဲဒါတွေက အခက်အခဲ မဟုတ်ဘူး။ အားလုံးက သူ့ကဏ္ဍနဲ့သူ၊ အမြင်တွေလည်း အမျိုး မျိုးရှိနိုင်တယ်။ အစ်မရဲ့သဘောထားကတော့ ကိုယ် လုပ်မယ့်ကိစ္စ ကိုယ်မျက်ခြည်မပြတ်ဖို့ဘဲ လိုတယ်။ ကိုယ်လုပ်မယ့် အလုပ်ကို ခိုင်မာဖို့လိုတယ်၊ ဪသာ် သူကဒီလိုလား၊ ငါကဒီလိုလား ဆိုတာ တွေးမနေ တော့ဘူး။
ဧရာဝတီ ။ ။ အစိုးရဘက်ကဖွဲ့စည်းပေးထားတယ်လို့ ဆိုနိုင် တဲ့ အမျိုးသမီးရေးရာလိုမျိုး အဖွဲ့အစည်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့အခါမှာရော သူတို့ရဲ့ သဘော ထားက ဘယ်လိုရှိလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ အမျိုးသမီးရေးရာက အစ်မကိုသဘောမကျဘူး။ အစ်မကလည်း ဒီမိုကရေစီ အနှစ်သာရအောက်မှာ ဒီလိုအဖွဲ့အစည်းတွေ မရှိရဘူးလို့ ပြောချင်တယ်။ ဒါပေမယ့် အဲဒီလိုပြောရတာက ပုဂ္ဂိုလ်ရေးမပါဘူး။ လူတဦးတယောက်အနေနဲ့ တည်ရှိမှုကို အသိအမှတ် ပြုတယ်။ သို့သော် အဆောက်အအုံအရ အဖွဲ့လိုက် တွေ ဖြစ်လာတဲ့အခါမှာ ဒီနိုင်ငံရဲ့စနစ်ကို ဒေါက်တိုင် ထောက်ပေးထားတာမျိုးကို ကြည့်ရတယ်။ အဲဒီ တော့ တရားရေးကိုကြည့်လိုက်ရင် အဂတိလိုက်စား မှုကို ကြည့်လိုက်ရင် ဘယ်လောက်ဆိုးနေတယ်၊ တယောက်ဆိုးလို့မဟုတ်ဘူး စနစ်ကြီးအရကိုဖြစ်နေ တာ။ အဂတိလိုက်စားမှုကိုလုပ်တဲ့ ရှေ့နေသော် လည်းကောင်း၊ တရားသူကြီးသော် လည်းကောင်း လူသားလို့ အစ်မမြင်ပေးတယ်။ သို့သော်လည်း အဂတိလိုက်စားမှု အမြစ်တွယ်နေတဲ့စနစ်၊ လူတွေ ကို ပြောင်းကိုပြောင်းရမယ်လို့ အစ်မကတော့ ပြော မှာပဲ။ ဒါက လူပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး။
အဲဒီလိုပြောင်းမှ အကောင်းဘက်ကို အမှန် တကယ် ဦးတည်မှာလေ။ အစ်မက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ နှစ်ပေါင်း ၂၀ ကျော်မှာ ပြောစရာ ရှိတာကိုတော့ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုမပါဘဲ ပြော တယ်။ ပြောတယ်ဆိုတာကလည်း ကိုယ်ကဖြစ်စေ ချင်တဲ့ စေတနာနဲ့ပါ။ ပုဂ္ဂိုလ်ရေးအရ ပုဂ္ဂိုလ်ပေါ်မှာ ဦးတည်ပြီးတော့မှ လွဲခဲ့ရတဲ့အလွဲတွေ များခဲ့ပြီလေ။ သူတို့ဘယ်လိုပဲ တုံ့ပြန် တုံ့ပြန်ပါစေ၊ အစ်မကို ကြောက်လို့၊ မုန်းလို့ အနားမကပ်တာဆိုတော့မတတ် နိုင်ဘူးပေါ့။ ကိုယ်ကတော့ စိတ်ရင်းအတိုင်းပါပဲ။ အမှန်တော့ ဒီအချိန်မှာ အစ်မတို့နဲ့ အတွေးအခေါ် တူတဲ့သူတွေပေါ့ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ အပြောင်း အလဲပေါ့၊ အခုချိန်မှာ စစ်မှန်တဲ့ အပြောင်းအလဲကို မရောက်နိုင်သေးဘူးလို့ မြင်တဲ့သူအားလုံးမှာ အတူ တူသာ စုစည်းနိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပြည်သူ့အတွက် ပိုပြီးတော့ အားကောင်းလာမှာပေါ့။ ဒါပေမယ့် အဲဒီလို စုစည်းနိုင်ဖို့ ဆိုတာကလည်း သူ့ကို ငါပိတ်၊ ငါ့ကို သူပိတ် တံခါးတွေ ပိတ်ကြမယ် ဆိုရင်တော့ အားလုံး အလကားဖြစ်ကြမှာပဲ။
ဧရာဝတီ ။ ။ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတွေရဲ့ ဘဝအခြေအနေ၊ အခွင့်အရေးနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေအပေါ် ဘယ်လို သုံးသပ် မိပါလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ တိုင်းရင်းသား ဒေသတွေက အထူးသဖြင့် ဝေးလံခေါင်သီပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ နေရာတွေနဲ့နီးလေ အဲဒီဒေသတွေမှာရှိတဲ့ အမျိုး သမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဘဝက အဆိုးဆုံး ဖြစ်လေပဲ။ အစ်မ ပထမဆုံး ကြားခဲ့ရတဲ့ စစ်တပ်က လို့ ဆိုတဲ့သူတွေက မုဒိမ်းကျင့်လိုက်လို့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ရောက်လာ တဲ့ ရှမ်းအမျိုးသမီး ၆ ယောက်ရဲ့ မုဒိမ်းအမှုက ၁၉၈၇ ခုနှစ်ပေါ့။ နောက်ပိုင်း တောထဲရောက်သွားတော့လည်း အများ ကြီး ကြားခဲ့ရတယ်။ စစ်တပ်ရဲ့ မုဒိမ်းကျင့်မှုကို ခံနေ ရတဲ့ အမျိုးသမီးတွေ အများကြီးတွေ့ခဲ့ရတယ်၊ အင် တာဗျူးတာတွေလည်း လုပ်ခဲ့ဖူးတယ်။ တိုင်းရင်းသား အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အစော်ကားခံနေရ တဲ့ကိစ္စမှာ ကလေးကနေ လူကြီးအထိ ပါနေတယ်။ ကိုယ့်အမေအရွယ်ကြီးတွေထိတောင် ဖြစ်နေတယ်။ နယ်စပ်မှာရှိတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) ရဲ့ အဖွဲ့ဝင်တွေဆိုရင် အစ်မတို့ အမျိုးသမီး သမဂ္ဂက ကမ္ဘာ့အမျိုးသမီး ဘေဂျင်းကွန်ဖရင့်မှာ စပြီး အစီရင်ခံစာတွေထုတ်ခဲ့တော့ အဲဒီ မှတ်တမ်း မှတ်ရာတွေကို ပြန်ပေါင်းရင်တောင် အမျိုးသမီး ပေါင်း ထောင်နဲ့ချီနေပြီ။ အခုထိလည်း ရှမ်း၊ ကချင် ဘက်တွေမှာ မရပ်သေးဘူး။ သူတို့တွေက တမင် သက်သက် လုပ်သလို ဖြစ်နေတယ်လို့ ပြောတော့ မစွပ်စွဲနဲ့လို့ အစ်မတို့ကိုပြောကြတယ်။
စစ်တပ်အနေနဲ့လည်း တာဝန်ရှိတဲ့သူတွေက တာဝန်ယူပေးရမယ်။ ဒီလိုကိစ္စတွေသည် နိုင်ငံ တကာ ဥပဒေအရ ကြည့်မယ်ဆိုရင် လူသားရာဇဝတ် မှုမြောက်တယ်။ ဒါကြောင့် ရပ်တန်းကရပ်ဖို့ အချိန် ဖြစ်နေပါပြီ။ လောလော ဆယ် စစ်တပ်ကို ရပ်တန်း ကရပ်ဖို့ သတ်မှတ်ပြီးတော့ ကတိဝန်ခံခိုင်းရမယ်။ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း နစ်နာသူတွေဘက်က လိုအပ်တဲ့ ကုစားမှုတွေဖြစ်ဖို့လိုတယ်။ အခုက အဲဒီ လိုတောင် မလုပ်နိုင်တဲ့အပြင် ဖြစ်မြဲဖြစ်နေတယ် ဆိုတော့ အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေ တာက ဒီနိုင်ငံမှာ စနစ်ကြီးတခုလို ဖြစ်နေတော့ စစ်တပ်က လူကို အရပ်ဘက်က ဘယ်ဥပဒေကမှ အရေးယူလို့မရဘူးဖြစ်နေတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ ကလည်း စစ်တပ်ကို အရပ်သား ဖွဲ့စည်းပုံအောက်မှာ ထားဖို့ ခွင့်မပြုထားဘူး။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အပြောင်းအလဲဖြစ်အောင် ဆက်ပြီး ကြိုးစားရမှာဘဲ။
ဧရာဝတီ ။ ။ အစ်မအနေနဲ့ မြန်မာနိုင်ငံက လူငယ် အမျိုး သမီးတွေအပေါ် ဘယ်လိုမြင်ပါလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ လူငယ်အမျိုးသမီးတွေအနေနဲ့ လှုပ်ရှားဆောင် ရွက်မှုတွေ တော်တော်လေး အားကောင်းလာတယ်လို့မြင် တယ်။ အမျိုးသမီးငယ်တွေအနေနဲ့က သတင်း အချက်အလက်တွေလည်း အားလုံးသိချင်ရင် သိခွင့်ရှိနေပြီ။ သင်တန်း၊ ပညာပေးမှုတွေရှိမယ်ဆိုပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ကြည့်ရင်တော့ သေးသေးလေးပါ။ နယ်စပ်ဒေသတွေနဲ့ နိုင်ငံခြား တွေမှာလုပ်နေကြတဲ့ မိန်းကလေးတွေထက် ပြည်တွင်းက NGO၊ အရပ်ဘက် အဖွဲ့အစည်းတွေမှာ လုပ်နေကြပြီ။ ဒါပေမယ့် ပြောချင်တာက ဝန်နဲ့အားနဲ့ မမျှဘူးပေါ့။ Sex worker လိင် အလုပ်သမ တွေဆိုလည်း ပိုပိုပြီး များလာသေးတယ်။ ကိုယ့်ရဲ့မိသားစု စားဝတ်နေရေး ပြည့်စုံမှုမရှိ၊ မိသားစု ဝန်ကိုပါ ထမ်းရတဲ့အခါမှာ ပညာကိုရခွင့်ရှိတဲ့ လူနည်းစုနဲ့ ပညာ ကိုရခွင့်မရှိတဲ့ လူများစုဖြစ်နေတယ်။
ပညာကိုရခွင့်ရှိတဲ့ လူနည်းစုက အဖွဲ့အစည်း လေးတွေဖွဲ့ပြီး အကျိုးပြုအလုပ်လေးတွေ လုပ်လာ ကြတယ်၊ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုကလည်း အရမ်းကို အရေးကြီးလာတယ်။ နိုင်ငံတနိုင်ငံရဲ့ လူသားအရင်း အမြစ်ကို တည်တံ့အောင်၊ ဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်နေရတဲ့ အမျိုးသမီးတွေရဲ့ သားမီးဖွားမှု အခန်းကဏ္ဍကလည်း အရမ်းအရေးကြီး ပါတယ်။ လူငယ်အမျိုးသမီးတွေကို ဒီထက်ပိုပြီး ဖြစ်ထွန်းစေချင်တယ်။ ပိုပြီးတော့လည်း အားကောင်း လာစေချင်တယ်။ ဒါကြောင့် ပွဲတွေမှာတွေ့ရင် ဘာ တွေကူပေးရမလဲဆိုတာ အမြဲမေးကြည့်တယ်၊ အမျိုး သမီးရေး လုပ်မယ့်သူတွေကို တကယ်ကို အမျိုးသမီး ဆိုတဲ့ အခြေခံပေါ်မှာပဲ ရပ်တည်ပြီး အသွေး၊ အရောင်၊ ဘာသာဆိုတာတွေ မပါဘဲ လုပ်နိုင်တယ် ဆိုရင် အရမ်းကောင်းမယ်။ ။