သတင်းတို

NLD ပါတီ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေး ကျင်းပမည်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို ကော်မတီ တတိယ အကြိမ်အစည်းအဝေးကို ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့ များတွင် ဗဟန်း မြို့နယ် ဒို့ရိုးရာ စားသောက်ဆိုင်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အစည်းအဝေး ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားခြင်းနှင့် ဒုတိယနေ့ အစည်းအဝေးပြီးချိန် ခန့်မှန်း နေ့လယ် ၂ နာရီခန့် သတင်းစာ ရှင်းလင်းပွဲ အစီ အစဉ်များတွင် သတင်းရယူနိုင်ကြောင်း၊ မီဒီယာများ အနေဖြင့် ကြိုတင် စာရင်းသွင်းရန် မလိုဘဲ ဇွန် ၇ ရက်နေ့ နံနက် ၈ နာရီတွင် ဝင်ရောက်နေရာယူနိုင်ကြောင်း NLD ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

Loading