ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း General Sir David Richards (အငြိမ်းစား) နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ် မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်မတော်၏ အခန်းကဏ္ဍ ဆိုင်ရာများ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းကိုနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေး၊ ပြည်သူများ ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်း အောင်မြင် ရေး၊ နိုင်ငံတကာ အဆင့်မီ ရဲတပ်ဖွဲ့ ဖြစ်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။