ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်နှင့် ထိစပ်နေသည့် တရုတ်-မြန်မာ နယ်ခြားမျဉ်း ပြန်လည်တိုင်းတာ သတ်မှတ်ရာတွင် မြန်မာ့လယ်မြေ ဧက ၁၅၀ နီးပါး တရုတ်နယ်ဘက်သို့ ပါသွားသဖြင့် နမ့်ခမ်းဒေသခံများက ဆန္ဒပြကန့်ကွက်ကြောင်း BBC သတင်းတရပ်တွင် ဖော်ပြ ထားသည်။ နှစ်နိုင်ငံ နယ်ခြားမျဉ်း ပြန်လည်တိုင်းတာ သတ်မှတ်ခြင်းကို မေ ၂၇ မှ ၃၀ ရက်အထိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ် ဘက်မှ ညောင်ပင် ၂ ပင် လာစိုက်သည်ကိုလည်း ဒေသခံ ရွာသားများက ဆွဲနုတ်ပစ်ခဲ့ကြောင်း၊ မြန်မာ အစိုးရ အဆက်ဆက် တရုတ်-မြန်မာ နယ်ခြား သတ်မှတ်ရာတွင် မြန်မာဘက်က နစ်နာမှုများ ရှိခဲ့ခြင်းကြောင့် နစ်နာမှု ထပ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ် နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။