Politics

စစ်တွေမြို့ ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန်မသေချာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လအတွင်း သို့မဟုတ် ဇူလိုင်လအတွင်း၌ ကျင်းပရန် စီစဉ်ထား သည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြော ရန် မသေချာသေးဟု စုံစမ်းသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် သွားမှာလားဆိုတာ အခုထိမသေချာသေးပါဘူး။ ကျနော်တို့ စီစဉ်နေ တုန်းပဲရှိပါသေးတယ်” ဟု NLD ဒုတိယ ပြန်ကြား ရေး တာဝန်ခံ ဦးကြည်တိုးက ပြောသည်။

လက်ရှိအချိန်တွင် လွှတ်တော် အစည်းအဝေး များ ပြန်လည်ကျင်းပနေပြီဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ တက်ရောက်နေပြီး  NLD နှင့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ စစ်တပ်ကို နိုင်ငံရေးတွင် အလွန်အကျွံ ပါဝင်ခွင့်ပြု ထားသည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများကို နိုင်ငံအနှံ့တွင် ပြုလုပ်ရှိနေသည်။

ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် များ ရောနှောနေထိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် အလယ်ပိုင်း လောက်မှစ၍ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွားခဲ့ပြီးနောက် မွတ်စလင် ဘာသာဝင်များ မြို့စွန်ရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင် ခဲ့ရပြီး စစ်တွေမြို့ပြင်ရှိ  ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် မွတ်စလင် အရေအတွက် ၈ သိန်း မှ ၁ သန်းအထိ ရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားစဉ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ် နေသည့် အတွက် နိုင်ငံတကာက ဝေဖန်နေကြပြီး ထိုသို့ တစုံတရာမပြောဆိုဘဲ ရှောင် လွှဲခဲ့သည့်အတွက် ရခိုင်လူမျိုးများကြား တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်း နေသည်ဟု သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်နေသည်။

စစ်တွေမြို့၌ လတ်တလော ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတခုတွင် မကြာသေးမီက အသစ် ဖွဲ့စည်းလိုက် သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးသိန်းခိုင်က ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓ ဘာသာနှင့် မွတ်စလင် ဘာသာကို တန်းတူ ထားရန် ကြိုးစားနေသူဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် စစ်တွေ မြို့သို့ ရောက်ရှိလာပါက လှိုက်လှဲစွာကြိုဆိုခြင်း ခံရ နိုင်သလား ဆိုသော မေးခွန်းကို ရခိုင်အမျိုးသားပါတီ (ANP) ခေါင်း ဆောင်လည်းဖြစ် အမျိုးသားလွှတ် တော်ကိုယ်စား လှယ်လည်းဖြစ်သူ ဒေါက်တာ အေးမောင် ကို ဧရာဝတီက မေးမြန်းသောအခါ  “ကျနော် မသိဘူး” ဟု ပြန်လည်ဖြေဆိုသည်။

NLD နှင့် ၈၈ အဖွဲ့က စစ်တွေမြို့တွင် ပြုလုပ် မည့် အခမ်းအနားသို့ ANP က တက်ရောက် ရန် ယခုအချိန်အထိ  အစီအစဉ် မရှိ သေးကြောင်း ဒေါက်တာ အေးမောင်က ဧရာဝတီသို့ပြောသည်။

သို့သော်လည်း ကိုမျိုးဝင်းကဲ့သို့ မွတ်စလင်များ အတွက်မူ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုအခမ်း အနားသည် ၎င်းတို့၏ ဒုတိယတန်းစား နိုင်ငံသား ဘဝကို အသိပေးနေသလိုရှိသည်ဟု ဆိုသည်။

“အခြေခံဥပဒေ ပြင်ဆင်တယ် ဆိုရင်တောင် ကျနော်တို့အတွက် မျှော်လင့်ချက် မပေးနိုင်ပါဘူး။ ကျနော်တို့လည်း အဲဒီအခမ်းအနားကို တက်နိုင်မှာ မဟုတ်ဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးနိုင်မယ်လို့လဲ မထင်ဘူး” ဟု စစ်တွေမြို့၊ အောင်မင်္ဂလာ မွတ်စလင်ရပ်ကွက်မှ ကိုမျိုးဝင်း က ဧရာဝတီ သို့ ပြောသည်။

 (၂၀၁၄ ခုနှစ်၊ ဇွန် ၃ ရက်နေ့ The Irrawaddy အင်္ဂလိပ်ပိုင်း အွန်လိုင်းတွင် SIMON ROUGHNEEN ရေးသားသော   Suu Kyi’s Attendance ‘Unsure’ at Planned Sittwe Reform Rally ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading