ရခိုင်သံဃာတော်များက ၁၉၈၂ ခုနှစ် ဥပဒေ အကောင်အထည် ဖော်ပေးရန် အပါအဝင် အချက် ၁၂ ချက်ကို အစိုးရထံ တင်ပြ တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ပြီးဆုံးခဲ့သည့် စစ်တွေမြို့၌ နှစ်ရက်ကြာ ပြုလုပ်သော ဒုတိယ
အကြိမ် ရခိုင်ပြည်နယ်လုံး ဆိုင်ရာ သံဃာတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ အစည်းအဝေးက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း၊ သယံဇာတ သုံးစွဲမှုနှင့် ပတ်သက်၍ ကျောက်ဖြူညီလာခံ၌ တောင်းဆိုချက် အတိုင်း ဆောင်ရွက်ပေးရန်၊ ရခိုင်ပင်လယ်ပြင်နှင့် မောင်တောနယ်စပ် များတွင် လုံခြုံရေး ဆောင်ရွက်ပေးရန်နှင့် ရခိုင်ပြည်နယ် ဒေသခံများအား စက်မှုဇုန်များတွင် အလုပ်အကိုင်ရရှိရေး ဖန်တီး ပေးရန် အချက်များ ပါဝင်ကြေင်း BBC သတင်းတရပ်၌ ဖော်ပြထားသည်။ ပထမ အကြိမ် အစည်းအဝေးကို ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။