သတင်းတို

မြန်မာ ပိုလီတက်ကနစ် တက္ကသိုလ် တည်ထောင်မည်

This article has been converted from Zawgyi One to Unicode

တောင်ကိုရီးယားနှင့် မြန်မာ ပူးပေါင်း၍ မြန်မာပိုလီတက်ကနစ် တက္ကသိုလ် တည်ဆောက်မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။ နည်းပညာ ဖွံ့ဖြိုးရေး အတွက် တောင်ကိုရီးယား နိုင်ငံအပါ အဝင် ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာပိုလီတက်ကနစ်တက္ကသိုလ် တည်ထောင်ရေး နှစ်ဘက် ဆွေးနွေးမှုများပြုလုပ်ကာ Feasibility Study အတွက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် သဘောတူညီ ခဲ့ကြောင်း၊ မြန်မာပိုလီ တက်ကနစ် တက္ကသိုလ်ကို တည်ထောင်နိုင်ရန် နားလည်မှု စာချွန်လွှာ (မူကြမ်း) လက်မှတ်ထိုးရန် ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပြီး ဖြစ်ကြောင်း၊ Feasibility Study ဆောင်ရွက်ပြီးပါက သင်ကြားမည့်ဘာသာရပ်၊ သင်ကြားမည့် အစီအစဉ်များနှင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက် မည့် အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Loading