Women

UK နဲ့ မြန်မာပြည် ကူးချည်သန်းချည် … တင်ဇာမော်နဲ့ စကားစမြည်

This article has been converted from Zawgyi One to Unicode

တင်ဇာမော်ကို အဆိုတော်တဲ့ အဆိုတော်တဦးအဖြစ် လွန်ခဲ့တဲ့ အနှစ်၂၀ခန့်၊ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်အခွေ “စွဲလမ်းမှုပြဿနာ” မှာကတည်းက ပရိသတ်တွေက အသိအမှတ်ပြု အားပေးနှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဘက်ပိုင်းမှာ သူ့သီချင်းတွေကို ပြန်ဆိုသူတွေလည်း ရှိကြပေမယ့် သူ့အသံသူ့ဟန်ကိုသာ နှစ်သက်သဘောကျသူ ပရိသတ်ကလည်း အခိုင်အမာရှိဆဲပါပဲ။ လောလောဆယ်မှာတော့ တင်ဇာမော်ဟာ ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရှိရာ UK နိုင်ငံမှာ နေထိုင်လျက် ရှိပြီး မြန်မာနိုင်ငံကိုလည်း အနုပညာကိစ္စများအတွက်နဲ့ မိခင်ဖြစ်သူကို ပြုစုဖို့အတွက်ပါ သွားချည်လာလှည့် ပြုလုပ် နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တလောက စည်သူလွင်ရဲ့ Live Show မှာ စုံတွဲသီချင်းနှစ်ပုဒ် ဝင်ရောက်သီဆိုပေးခဲ့ပြီး စီးရီးခွေတခွေလည်း စီစဉ်နေတယ်လို့ သိရတာကြောင့် တင်ဇာမော်ရဲ့ ပရိသတ်တွေအတွက် တင်ဇာမော် မြန်မာနိုင်ငံကို ပြန်ရောက်ခိုက်မှာ သူနဲ့တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး။     ။ အစ်မ ကိုစည်သူ့ရှိုးမှာ ဆိုဖြစ်ခဲ့တဲ့အကြောင်းလေး အရင်ဟြေပြပါလား။

ဖြေ။     ။ အစ်မ ဒီကို ပြန်ရောက်ရောက်ချင်း စည်သူ့ One Man Show ရှိတယ်ကြားလို့ သူ့ကို ဖုန်းဆက်လိုက်တယ်။ သူနဲ့အစ်မနဲ့ စုံတွဲ ဆိုထားတဲ့ သီချင်းနှစ်ပုဒ်ရှိတော့ သူဆိုချင်ရင် အစ်မဆိုပေးမယ်လို့ သူ့ကို အစ်မလှမ်းဟြေတယ်။ အဲဒါနဲ့ သူကလည်း ဝမ်းပန်းတသာနဲ့ လက်ခံတော့ ဆိုဖြစ်ခဲ့တာပါ။

မေး။     ။ အစ်မ နိုင်ငံခြားကိုသွားနေတဲ့ အချိန်တွေမှာ ကိုယ့်နိုင်ငံက ပရိသတ်တွေနဲ့ ကင်းကွာနေတော့ ဘယ်လိုခံစားရလဲ။

ဖြေ။     ။ တခါတလေတော့ ခံစားရပါတယ်။ ဒါပေမယ့် အစ်မ မှန်မှန်ပြန်လာဖြစ်ပါတယ်။ Show လည်း တနှစ်ကို တပွဲလောက်တော့ ဆိုဖြစ်တယ်။ ဆိုဖြစ်တဲ့ပွဲက သီချင်းတွေကလည်း မီဒီယာတွေကနေလွှင့်တော့ အစ်မနဲ့ ပရိသတ်နဲ့ အရမ်းတော့ မစိမ်းနေသလိုပါပဲ။

မေး။     ။ တကိုယ်တော်စီးရီးထုတ်ဖို့ အစီအစဉ်မရှိဘူးလား။

ဖြေ။     ။ ရှိပါတယ်။ အစ်မ သီချင်းရွေးနေတယ်။ တကိုယ်တော်အတွက်လည်း အစ်မ စဉ်းစားနေပါတယ်။ နောက်တခေါက် ပြန်လာရင် လုပ်ဖို့ အေးအေးဆေးဆေး အချိန်ပေးထားတယ်။ လောလောဆယ်ကတော့ မြင့်မိုးအောင်နဲ့ တင်ဇာမော်ဆိုပြီး တခွေရိုက်ထားတယ်။

မေး။     ။ အဲဒီ “မြင့်မိုးအောင်နဲ့တင်ဇာမော်” အခွေအကြောင်းဟြေပြပါဦး အစ်မ။

ဖြေ။     ။ သီချင်းအသစ်တွေတော့ မဟုတ်ဘူး။ တချို့သီချင်းတွေက ကောင်းပြီး ပရိသတ် သတိမထားမိခဲ့တဲ့ သီချင်းတွေရှိတော့ ပြန်ပြီးဖော်ထုတ်တာပါ။ ပရိသတ်မသိခဲ့တဲ့ သီချင်းတွေလည်းပါသလို သိတဲ့ သီချင်းတချို့လည်း ပါပါတယ်။

အစ်မသီချင်းတွေကို ပြန်စဉ်းစားတော့ သူ့ သီချင်းတွေ တော်တော်များတယ်။ သူနဲ့ အစ်မနဲ့ လက်တွဲခဲ့တဲ့ လမ်းတလျှောက်မှာ အများဆုံးလိုဖြစ်နေတယ်။ ပရိသတ်လည်း သိတဲ့ သီချင်းတွေ တော်တော်များတယ်။ ဒါကြောင့် အမှတ်တရလည်း ဖြစ်အောင်ဆိုပြီး ပရိသတ်မသိခဲ့တဲ့ သီချင်းတွေကို ပြန်လုပ်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ။

မေး။     ။ မြန်မာနိုင်ငံက ပရိသတ်က တင်ဇာမော်ဆိုပြီး ရင်ထဲကိုစွဲခဲ့ကြတာလေ။ အဲဒီလို ပရိသတ်တွေအတွက် အစ်မက ဘာတွေပေးဆပ်ဖို့စဉ်းစားထားလဲ။

ဖြေ။     ။ အစ်မလည်း ပရိသတ်ကို ရင်ထဲမှာစွဲထားခဲ့တယ်။ ဒါကြောင့် သီချင်းဆိုရင်လည်း အစ်မခံစားမှုနဲ့ အစ်မပညာနဲ့ ပူးပေါင်းပြီး ပရိသတ်ကိုအပြည့်အ၀ ဖျော်ဖြေမှုပေးပါတယ်။

မေး။     ။ အစ်မရဲ့ အရှိုက်သံ၊ အဆွဲအငင်အသံတွေကို ပရိသတ်က နှစ်သက်လက်ခံခဲ့တာဆိုတော့ သီချင်းအသစ်တွေ ဆိုဖို့ရော။

ဖြေ။     ။ အခွေသစ်အတွက်တော့ အစ်မသီချင်းတွေကို သေချာရွေးရလိမ့်မယ်။ အဲဒီအတွက် အခုတော့ မဟြေနိုင်သေး ပေမယ့် ဟြေနိုင်တာက အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီးရွေးချယ်မှာပါ။

မေး။     ။ ဒါဆို အစ်မက အနုပညာအလုပ်ကို ဒီလိုပဲ ဟိုနဲ့ဒီ သွားလိုက်ပြန်လိုက်လုပ်ရင်း လုပ်နေမှာလား။

ဖြေ။     ။ ဟုတ်ပါတယ်။

မေး။     ။ အစ်မ ဟိုနိုင်ငံမှာရော ဘယ်လိုရပ်တည်နေတာလဲ။

ဖြေ။     ။ အစ်မ ဟိုနိုင်ငံမှာတော့ ရပ်တည်နေတာက မိသားစုဘဝပါပဲ။ အစ်မအမျိုးသားက ဟိုမှာရှိတယ်၊ သားလေးလည်း ရှိတယ်၊ သမီးလေးလည်းရှိတယ်ဆိုတော့ အစ်မက ဒီနဲ့ဟိုနဲ့ သွားလိုက်ပြန်လိုက် လုပ်နေရမှာပဲပေါ့။ အဲဒီလို လုပ်တာ ကလည်း ဒီမှာက လောလောဆယ် အခြေအနေမှာ အစ်မရဲ့မေမေက တယောက်တည်း နေနေရတာလေ။ ဒါကြောင့် မေမေနဲ့လည်း တွေ့ဖို့အတွက် ပိုပြီးတော့လာဖြစ်ပါတယ်။

မေး။     ။ အစ်မက ဟိုမှာ ဘာအလုပ်လုပ်ပြီး ဘဝကိုရပ်တည်နေတာလဲ။

ဖြေ။     ။ အစ်မအလုပ်က ကုမ္ပဏီတခုမှာ Team Leader ပါ။ အဖွဲ့ ခေါင်းဆောင်ပေါ့နော်၊ သူများရဲ့ ကုမ္ပဏီမှာ လုပ်တာပါ။ အခုတော့ Team Leader ရဲ့အထက်က Team Manager ရာထူးအတွက်ကို အစ်မ Offer ရပါတယ်။ ဒါပေမယ့် အစ်မအလုပ်ထဲမှာ နှစ်ပြီးမလုပ်နိုင်တာက ဒီကိုပြန်လာရမှာတွေရှိတယ်။ မေမေနဲ့ တွေ့ဖို့ရှိတယ်။ အစ်မ အနုပညာ အလုပ်တွေရှိတယ်။ ဒါကြောင့် အလုပ်ထဲမှာ အစ်မ ဒီထက်ပိုနှစ်ပြီး မနေနိုင်တဲ့အတွက် Team Leader နဲ့ပဲ ရပ်ထားပါတယ်။

မေး။     ။ အနုပညာအလုပ် မဟုတ်တဲ့ အလုပ်တခုကို လုပ်နေရတဲ့အတွက် ပျော်ရောပျော်ရဲ့လား။

ဖြေ။     ။ အစ်မက မပျော်ရင် အလုပ်ကို ဘယ်တော့မှမလုပ်ပါဘူး။ မပျော်ဘဲ စိတ်ဆင်းရဲနေရမယ့်အလုပ်ကို အစ်မ ဘယ်တော့မှမလုပ်ပါဘူး။ တခုပဲ၊ မေမေနဲ့ခွဲနေရတာတော့ စိတ်ဆင်းရဲတယ်။ ဒါကြောင့်လည်း ဒီကို ခဏခဏ ပြန်လာဖြစ်တယ်။ မေမေ ဟိုကို မလိုက်လာနိုင်သေးမချင်း ဒီကိုပြန်လာနိုင်အောင် အစ်မ တွေးတောကြံစည်တယ်။

မေး။     ။ အစ်မ စီးပွားရေးမလုပ်ဘဲ အနုပညာအလုပ်ပဲလုပ်ရင် မရဘူးလား။

ဖြေ။     ။ ရတာပေါ့၊ အနုပညာအလုပ်ပဲ လုပ်ရင် ရတာပေါ့။ အနုပညာအလုပ်ပဲလုပ်ပြီး တသက်လုံးနေသွားတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိပါတယ်။ အစ်မကိုယ်တိုင်လည်း အဲဒီလိုပဲ နေသွားပြီး လုပ်ချင်ပါတယ်။ အစ်မရဲ့ ဘဝပေးအခြေအနေအရ အစ်မ အားကိုးအားထား ပြုရတဲ့ခင်ပွန်းက အဝေးက လူတယောက်ဖြစ်နေတယ်။ အဲဒါကြောင့် အစ်မ သူနဲ့အတူ လိုက်နေရတာပါ။ အမျိုးသားတယောက်ကို ကိုယ်က လက်ထပ်ပြီးတော့ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်လည်း ရပါတယ်။ ဒါပေမယ့် အစ်မက ကိုယ့်အမျိုးသားကို အိမ်ထောင်တခုရဲ့ ဦးဆောင်သူ ဖြစ်စေချင်တယ်။ အစ်မက သူ့ရဲ့ နောက်ကလိုက်ပြီး ဇနီးကောင်းဖြစ်ချင်တယ်။ အစ်မ အားကိုးရမယ်လို့ ယုံကြည်တဲ့အတွက် သူ့ကိုယူတယ်။ ယူပြီးတော့လည်း သူအလုပ်လုပ်တဲ့နေရာကို အစ်မလိုက်ရတယ်။ ယောင်နောက်ဆံထုံးပါ ပေါ့နော်။ ဒါပေမယ့် သူက အစ်မကို နားလည်မှုအများကြီးပေးပါတယ်။ သူ့ဘက်က အစ်မဘယ်လိုလုပ်လုပ် ပါရမီဖြည့်ဖို့ အဆင်သင့်ရှိတဲ့သူမျိုးပါ။

မေး။     ။ အနုပညာမှာ အများချစ်ခင်အားကျရတဲ့ Idol ဖြစ်အောင် ဘယ်လို ဆန်းသစ်မှုတွေလုပ်ခဲ့တာလဲ။

ဖြေ။     ။ အဲဒီလိုရည်ရွယ်ချက်နဲ့ အများအားကျရအောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ အစ်မ ဘယ်အလုပ်ပဲလုပ်လုပ် အတတ်နိုင်ဆုံးကြိုးစားတယ်။ အစ်မရဲ့စွမ်းရည်ကို အဆုံးထိရောက်အောင်ကြိုးစားတယ်။ အဲဒီအတွက် အစ်မရဲ့ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေက အသိအမှတ်ပြုတာကို ခံရတာလို့ပဲ အစ်မ ယုံကြည်ပါတယ်။

မေး။     ။ အစ်မ ဒီနိုင်ငံက အနုပညာရှင်ဘဝနဲ့ ဟိုနိုင်ငံက ဝန်ထမ်းဘဝခံစားမှုက ဘယ်လိုကွာလဲ။

ဖြေ။     ။ ဆီနဲ့ရေလိုကွာတာပေါ့။ ဟိုမှာ အလုပ်လုပ်နေတာက အလုပ်တခုခု ရှိနေချင်တဲ့စိတ်၊ လေ့လာချင်တဲ့စိတ်နဲ့ လုပ်တာပါ။ ငွေကြောင့် လုပ်တာမဟုတ်ပါဘူး။ ငွေကြောင့်သာဆိုရင် ဒီမှာပဲနေမှာပေါ့။ ဒီမှာဆိုရင် အစ်မတို့ အနုပညာသမားတွေက ဘယ်လောက်ငွေရလွယ်လဲဆိုတာ သိပါတယ်။

မေး။     ။ ဒါဆို နောက်ဆုံးအနေနဲ့ “ မြင့်မိုးအောင်နဲ့တင်ဇာမော်” အခွေနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာဟြေချင်ပါလဲ။

ဖြေ။     ။ ပရိသတ်ကို အစ်မဟြေချင်တာက အဲဒီအခွေလေးက ပရိသတ်အတွက် အမှတ်တရတခုဖြစ်မှာပါ။ အစ်မကိုယ်တိုင် တကယ်လုပ်ချင်လို့ လုပ်လိုက်ရတဲ့အတွက် အဲဒီလိုခံစားရပါတယ်။ Nပီးတော့ အစ်မကို အားပေးနေဆဲ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အနုပညာရှင်ဆိုတာ ပရိသတ်ရှိမှ ရပ်တည်နေနိုင်တာပါလို့။ ပရိသတ်တွေလည်း ကြံစည်သမျှအောင်မြင်ကြပါစေလို့ ဆုတောင်းပါတယ်။

Loading