မြစ်ကြီးနားမြို့ ရွှေစက် ရပ်ကွက် နှစ်ခြင်း ခရစ်ယာန် စစ်ရှောင် ဒုက္ခ္ခ္ခ္ခသည် စခန်းတွင် ခိုလှုံနေထိုင်သည့် ဒုက္ခ္ခ္ခ္ခသည် သုံးဦးကို ဖောက် ခွဲ မှုဖြင့် မြစ်ကြီးနား ခရိုင်ရုံးက ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ် ချခံရသူများမှာ ဦးဘရန်ရုန် ထောင်ဒဏ် ၁၄ နှစ် ၊ ဦးလဖိုင်ဂန် ထောင်ဒဏ် ၁၃ နှစ် နှင့် ဦးလရိန် ထောင်ဒဏ် ၃ နှစ် စသည်ဖြင့် မေ ၅ ရက်က အသီးသီး ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု အဆိုပါ အမှုကိုလိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြော သည်။
ယင်း ဒုက္ခသည် ၃ ဦးသည် ၂၀၁၂ ခုနစ်က ကချင်ပြည်နယ် အတွင်း ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တရားစွဲဆို၍ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ပြစ်ဒဏ်ချခံရသူများသည် ၂၀၁၂ ခုနှစ် အတွင်းက အခကြေးငွေဖြင့် ကျွဲ၊နွား အငှားမောင်းလိုက်ရာမှ ခလရ (၃၇) တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သို့ လွှဲပြောင်းခံခဲ့ရာမှ မတရားအသင်း ဆက်သွယ်မှု ၁၇/၁၊ ပေါက် ကွဲ (၃)၊ ပေါက်ကွဲ (၄) စသည့် ပုဒ်မများဖြင့် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)၏ တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးမာခါး က ဆက်ပြောသည်။
“သူတို့ကို အဝေး မပို့ဖို့ ကျနော် အယူခံ ဝင်နေပါတယ်။ မြစ်ကြီးနားနဲ့ ဝေးတဲ့မြို့ကို ပို့ရင် ကျနော်တို့ တွေ့ဖို့ ခက်သွားပြီ။ ကျနော် က တော့ ဒီအမှုနဲ့ ပတ်သက်ပြီး နေပြည်တော် တရားလွှတ်တော်ရုံးကို တင်သွားမယ်။ နိုင်ငံတကာကိုလည်း တင်ပြသွားဖို့ ရှိပါတယ်။ ကျနော့် အနေနဲ့ အမှန်တရားကို ဖော်ထုတ်သွားမယ်”ဟုလည်း ဦးမာခါးက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးစန်းအောင်ကလည်း အမှန်တရား ဖော်ထုတ်ရေး အတွက် အကူအညီ ပေးလိုကြောင်း ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ဒုက္ခသည် သုံးဦးသည် ၂၀၁၃ ခုနစ် နှစ်ကုန်ပိုင်းတွင် စရဖ က သီးခြား စွဲဆိုသည့် ပြစ်မှုဖြင့် မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံထားရသူများလည်း ဖြစ်ကြောင်း၊ ယခုအခါ ခရိုင်တရားရုံးမှ ထပ်မံချမှတ်သော ပြစ်ဒဏ်များကြောင့် နှစ်ရှည် ထောင် ဒဏ် များ ကျခံရမည် ဖြစ်ကြောင်း ဦးမာခါးက ပြောဆိုသည်။
ထောင်ဒဏ် ချမှတ်ခံရသည့် ဒုက္ခသည် သုံးဦးသည် ၂၀၁၂ ခုနစ်တွင် မြန်မာ အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသည့် ဒုက္ခသည်များ ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များသည် အဆိုပါ ဒုက္ခသည် စခန်းတွင် လက်ရှိ အချိန်အထိ နေထိုင်လျက် ရှိနေကြောင်း သိရသည်။
စစ်ရှောင်စခန်းတွင် နေထိုင်သည့် ဒုက္ခသည်များကို ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခြင်း၊ ဖောက်ခွဲရေးသမားဟု စွပ်စွဲခြင်းတို့ကြောင့် ဒုက္ခသည် စခန်းတွင် နေထိုင်ရသည်မှာ မလုံခြုံကြောင်း၊ အာဏာပိုင်များက ဖောက်ခွဲရေး သမားများဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အမြန် ပြန်လွှတ်စေချင်ကြောင်း ကချင် စစ်ရှောင် ဒုက္ခသည်များက ပြောသည်။
၂၀၁၂ ဇွန်လ အတွင်းကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် အဖြစ် ခိုလှုံနေသူ ဦးဘရန်ရှောင် ကို KIA ဝန်ထမ်းနှင့် ဖောက်ခွဲရေး သမားဟု စွပ်ဆွဲကာ စရဖ က ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။
၂၀၁၁ ခုနှစ် စစ်ပွဲ ဖြစ်ပွားချိန်မှ ယခု အချိန်အထိ ကချင်ပြည်နယ်တွင် ၁၇ (၁) ပုဒ်မဖြင့် ဖမ်းခံရသူဦးရေ ၉၀ ခန့် ရှိကြောင်း ကချင် သတင်း ဌာနများ၏ ဖော်ပြချက် အရ သိရသည်။