• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံမှာ မြန်မာ လူကုန်ကူးဂိုဏ်း ဖမ်းမိ

by ကျော်ခ
10 June 2014
in သတင်း
A A
လူကုန်ကူးဂိုဏ်း, ထိုင်းနိုင်ငံ, မြန်မာနိုင်ငံသား , MAT , FED , AHTD

ဖမ်းဆီးမိတဲ့ မြန်မာ လူကုန်ကူးသူ ၅ ဦး နဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

7.6k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရားမဝင် လူကုန်ကူး နေတဲ့ ဂိုဏ်းအဖွဲ့ တဖွဲ့ကို ထိုင်း အာဏာပိုင်တွေ အပါအဝင် ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိကြောင်း သိရပါတယ်။

ထိုင်းအစိုးရ လူကုန်ကူးမှု အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့(AHTD)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) နဲ့ ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED) တို့ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ပါဝင်ခဲ့သူများက ပြောပါတယ်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
136
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
128

လူပွဲစားတွေ ပိတ်လှောင်ထားတဲ့ အခန်းတခုကို ဖောက်ထွက်လာတဲ့ မြန်မာ အလုပ်သမားတဦးက MAT ကို အကြောင်းကြားလာ ရာ ကနေ ဇွန်လ ၆ ရက်နေ့က ဖမ်းဆီး ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

“အခုမိတဲ့ လူကုန်ကူး ဂိုဏ်းတဂိုဏ်းလုံးက ထိုင်းမှာ အနေကြာတဲ့ မြန်မာနိုင်ငံသားတွေချည်းပဲ။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်း ထား ပါတယ်။ ထိုင်းအာဏာပိုင်တွေက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား ပါလိမ့်မယ်”လို့ လူကုန်ကူးဂိုဏ်းကို ဝင်ရောက် ဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ MAT ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီကို ပြောပါတယ်။

လူကုန်ကူးဂိုဏ်းအဖွဲ့ကို ဦးဆောင်သူတွေဖြစ်တဲ့ ဦးသိန်းဦး၊ ဒေါ်ချမ်း တို့အပါအဝင် လူပွဲစားတွေဖြစ်တဲ့ ကိုကျော်၊ ကိုအောင်နိုင်နဲ့ ကိုခင် တို့ကို ဘန်ကောက်၊ မဟာချိုင်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ငါးဖမ်းလှေဆိပ်တွေမှာ သီးခြားစီဖမ်းမိခဲ့ကြတာဖြစ်ပြီး သူတို့ ၅ ဦး ကို AHTD ရဲ့ စခန်းမှာ ထိန်းသိမ်းထားကြောင်း၊ ဇွန်လ ၁၀ ရက်နေ့မှာ အမှုစစ်မှာဖြစ်ကြောင်း သိရပါတယ်။

ပင်လယ်ပြင် ငါးဖမ်းလှေတွေအတွက် ရောင်းစားခံထားရတဲ့ အသက် ၁၈ နှစ် အရွယ် ကိုပိုင်ဆိုသူကို ဇွန်လဆန်းပိုင်းမှာ လူပွဲစား တွေက စမွတ်စခွန် ခရိုင် မဲခေါင်လှေဆိပ်က အခန်းတခုမှာ ဖမ်းဆီး ပိတ်လှောင်ထားစဉ် ကိုပိုင်က အခန်းခေါင်မိုး နဲ့ မျက်နှာကျက် ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာပြီးနောက် အစ်ကိုဖြစ်သူ ကိုဇော်လွင် က MAT ကို ဆက်သွယ် အကြောင်းကြားလိုက် တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဇော်လွင် က “ကျနော့်ညီလွတ်လာပြီး မကြာဘူး။ လူပွဲစားက ကျနော့်ဆီ ဖုန်းဆက်လာပြီး ထပ်လိမ်သေးတယ်၊ မင်းညီကို ဘတ် တသောင်းခွဲနဲ့ လာရွေးလို့ပြောတယ်။ အဲဒါနဲ့ ကျနော်က MAT ကိုဖုန်းဆက်ပြီး တိုင်လိုက်တယ်။ ဒါနဲ့ သူတို့က လိုက်ကူညီပေး တယ်။ အခု ကျနော့်ညီ လွတ်လာလို့ မြန်မာအဖွဲ့တွေရော၊ ထိုင်းရဲတွေကိုရော ကျေးဇူးတင်လို့မဆုံးဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

ပိတ်လှောင်ခံထားရာကနေ လွတ်မြောက်လာတဲ့ ကိုပိုင်နဲ့ အတူ ငါးဖမ်းလှေမှာ ရောင်းစားခံရတဲ့ ကျန်နှစ်ဦးဟာလည်း တရွာတည်း သားတွေဖြစ်ကြကြောင်း၊ လူပွဲစားတွေကို ဖမ်းမိပြီးနောက် သူတို့ နှစ်ဦးလည်း လွတ်မြောက်လာကြောင်း သိရပါတယ်။

လူပွဲစားတွေက သူတို့သုံးဦးကို တလ ဘတ် တသောင်းခွဲလောက်ရတဲ့ ပေါင်မုန့်စက်ရုံမှာ အလုပ်ရှာပေးမယ်လို့ ကတိခံပြီး ငါးဖမ်း လှေ မှာ တယောက် ဘတ် တသောင်းနဲ့ ရောင်းစားသွားတာဖြစ်တယ်လို့ MAT က မေးမြန်းထားတဲ့ ရုပ်သံမှတ်တမ်းမှာ ကိုပိုင်က ရှင်းပြထားတာ တွေ့ရပါတယ်။

“နေရာအတိအကျ မသိဘူး၊ အဝေးကြီး ကမ်းစပ်နားမှာပဲ၊ သူတို့ဆီမှာတော့ နေ့ခင်း ၁၂ နာရီလောက် ကတည်းကနေပြီးတော့ ည တည အိပ်ခဲ့ရတယ်။ ပိုက်ဆံ သွားယူမယ်ဆိုပြီး ကျနော်တို့ သုံးယောက်လုံးကို ခေါ်သွားတယ်။ ဟိုရောက်တော့ လူတွေကို ထားခဲ့ပြီး ပိုက်ဆံ တယောက် တသောင်းထုတ်ယူသွားတယ်”လို့ ကိုပိုင်က ရှင်းပြထားပါတယ်။

လွတ်မြောက်လာတဲ့ ကိုပိုင်နဲ့ သူငယ်ချင်းသုံးဦးကိုတော့ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းမှာ ထိန်းသိမ်းပေးထားပြီး အမှုပြီးတာနဲ့ မြန်မာ အစိုးရ နယ်စပ်လူမှုကယ်ဆယ်ရေး ဌာနက တဆင့် နေရပ်ရင်းကို ပြန်ရောက်ရှိရေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

လူကုန်ကူးသူတွေဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်ရှာဖို့ ထွက်လာကြသူတွေကို မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူ၊ ကော့သောင်း၊ ထီးခီး စတဲ့ နယ်စပ်လမ်းကြောင်းတွေကတဆင့် ကူးသန်းမှုတွေရှိသလို ထိုင်းနိုင်ငံအတွင်းနေရာ အနှံ့အပြားမှာလည်း အလုပ်ရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကို ရောင်းစားမှုတွေရှိနေတယ်လို့ MAT ကပြောပါတယ်။

အများဆုံး ရောင်းအစားခံရတဲ့ နေရာတွေကတော့ ဘန်ကောက်၊ မဟာချိုင်ဒေသက အအေးခန်းစက်ရုံတွေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချုံဘူရီ ခရိုင်ရှိ ချောင်းစမေးစံ လှေဆိပ်၊ မဲခေါင်လှေဆိပ်နဲ့ အခြား ပင်လယ်ငါးဖမ်း လှေလုပ်ငန်းတွေမှာ အများဆုံး တွေ့မြင်ရတယ် လို့ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်းကို ပူးပေါင်းဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ FED အဖွဲ့မှ ကိုမင်းဦးက“ဒီဂိုဏ်းကြီးကို မိလိုက်လို့ လူကုန်ကူးမှုတွေက ရပ် သွားပြီ မဟုတ်ဘူး။ ထိုင်းမှာတခြားအဖွဲ့တွေ အများကြီးရှိနေသေးတယ်။ ကျနော်တို့အဖွဲ့တွေလည်း အခုလိုပူးပေါင်းပြီး အရင် က လည်း မြန်မာ အလုပ်သမားတွေ အများကြီးကယ်တင်ခဲ့သလို့ ပွဲစားတွေကို ဖော်ထုတ်ဖမ်းဆီးတာပဲ၊ မကုန်ဘူး။ ဒီမှာက လူကုန် ကူး တာ စီးပွားရေးတခုလိုဖြစ်နေပြီ”လို့ ဧရာဝတီကို ပြောပါတယ်။

လူကုန်ကူးဂိုဏ်းကို ဖမ်းဆီးလိုက်တဲ့ တနေ့တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းအနီး ငါးဖမ်းလှေမှာ ရောင်းစားခံထားရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI)နဲ့ FED တို့ပူးပေါင်းပြီး ကယ်တင် နိုင်ခဲ့သလို မြန်မာ အလုပ်သမားတွေကို လှေထဲရောင်းစားခဲ့တဲ့ ပွဲစားတဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကိုမင်းဦးက ဆက်ပြော ပါတယ်။

လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမားတွေ ကယ်တင်တဲ့အခါ၊ လူကုန်ကူးသူတွေကို ဖော်ထုတ်ဖမ်းဆီးတဲ့ အခါတွေမှာ ခြိမ်းခြောက် ခံရမှုနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရမှုတွေ ရှိပေမယ့် မြန်မာအစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ ပူးပေါင်းပါဝင်မှု ကိုတော့ မရရှိဘူးလို့ ဦးကျော်သောင်း ကပြောပါတယ်။

“လူကုန်ကူးဂိုဏ်းတွေ အများစုက လူမိုက်တွေများတယ်။ ထိုင်းရဲတွေအတွက် ပြဿနာမရှိပေမယ့် ကျနော်တို့ မြန်မာ အလုပ်သမား ကူညီရေး အဖွဲ့တွေကြတော့ အန္တရာယ်ရှိတာပေါ့။ ထိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဘယ်လောက် ဒုက္ခ ရောက် ရောက် သေသေ မြန်မာအစိုးရက ဂရုစိုက်တာ မဟုတ်ဘူး။ အခုလို ကယ်တင်တဲ့ အခါတွေမှာလည်း စာရင်း တောင်းတာ ကလွဲလို့ လက် တွေ့ ပူးပေါင်း ပါဝင်တာမရှိဘူး။ မြန်မာသံရုံးဆို ဖုန်းတောင်မကိုင်ဘူး”လို့ ဦးကျော်သောင်းက ပြောပါတယ်။

MAT အဖွဲ့ဟာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အရေးကို လိုက်ပါဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ထိုင်း အစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇွန်လ ၆ ရက်နေ့အထိ လူကုန်ကူးခံရသူ မြန်မာ အလုပ်သမား ၉၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာလူပွဲစား ၈ ဦးကိုလည်း ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း MAT က ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

၂၀၁၃ ခုနှစ်ထဲမှာလည်း ထိုင်း ငါးဖမ်းလှေတွေပေါ် ရာချီတဲ့ မြန်မာနိုင်ငံသားတွေကို ရောင်းစားမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေ ကျူးလွန် တယ်ဆိုတဲ့ လူကုန်ကူးဂိုဏ်းတခုကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း ဖော်ထုတ်နိုင်ခဲ့သလို လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမား ၂၆၄ ဦးကိုလည်း ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ ၂၉၂ ဦးနဲ့ ၂၀၁၁ ခုနှစ်မှာ လူဦးရေ ၅၀ ကယ် ထုတ် နိုင်ခဲ့ ကြောင်းလည်း ဖော်ပြထားပါတယ်။

Your Thoughts …
Tags: Human TraffickingThai
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
မုသား, နိုင်ငံတော်, စစ်အာဏာရှင်, ဒီမိုကရေစီ, ပြုပြင်ပြောင်းလဲရေး

မုသားများနဲ့ နိုင်ငံတော်

ရှေးဟောင်း ပျူမြို့သုံးမြို့, ကမ္ဘာ့ အမွေအနှစ် စာရင်း, ယူနက်စကို, ယဉ်ကျေးမှု ဝန်ကြီးဌာန, အီတလီ အစိုးရ, မြန်မာ အစိုးရ, သမ္မတ ဦးသိန်းစိန်

ရှေးဟောင်း ပျူမြို့သုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ပါ့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate