သတင်းတို

Miss Universe Myanmar 2014 ပြိုင်ပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

Miss Universe Myanmar 2014 ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ပြီးခဲ့သည့် ဇွန် ၄ ရက်က မြန်မာ့ လေညင်း ရုံးခန်း၌ လူတွေ့စစ်ဆေးမှုများ ပြုလုပ်၍ အလှမယ် ၂၀ ဆန်ခါတင် ရွေးချယ်ခဲ့ကြောင်း၊ ၎င်းတို့မှာ ခြူးနဒီခင်၊ ရွှေစင်ကိုကို၊ ပိုအိဖြူစင်၊ ဆွီတီကို၊ စုနန္ဒာအောင်၊ ဇွန်သံစဉ်၊ ခိုင်မီမီဇော်၊ သော်ရီကျော်၊ Queenie ၊ လင်းလက်ဝင့်၊ ယွန်ရတီ၊ J Naw ၊ ပိုးကြာဖြူ၊ ဇူဇူမြင့်လွင်၊ ဆုမြတ်နိုးကျော်၊ ယွန်းမှီမှီကျော်၊ ဟေဇယ် ညီညီထွန်း၊ သျှားထွဋ်အိန္ဒြာ၊ မေဇင်မာကို၊ အိမ့်မြတ်နိုး တို့ဖြစ်ကြောင်း၊ အဆိုပါ အလှမယ်များအား လူမှုရေးလုပ်ငန်း အတွေ့အကြုံ ရှိစေရန် အပါအဝင် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများကို ပြုလုပ်ပေးနေကြောင်း ယမန်နေ့က ကရဝိတ် ဥတ္တရ ခန်းမတွင် ပြုလုပ်သည့် ပြိုင်ပွဲကျင်းပရေးနှင့် ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ၏ စာနယ်ဇင်း ရှင်းလင်းပွဲ အရ သိရသည်။ ပံ့ပိုးသူများထဲတွင် Miss International Co., Ltd, Holiday Television Co., Ltd နှင့် Mr. Nawat Itsaragisil တို့ ပါဝင်ကြောင်း သိရသည်။

Loading