သတင်းတို

ကချင် စစ်ဘေး ဒုက္ခသည်များအား ကူညီရန် ကုလသမဂ္ဂ အဖွဲ့များ ရောက်ရှိ

This article has been converted from Zawgyi One to Unicode

မိုင်ဂျာယန် ဒေသရှိ ကချင်စစ်ဘေးရှောင် မိသားစုများကို ကူညီစောင့်ရှောက်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ဇွန် ၉ ရက်တွင် မိုင်ဂျာယန်၊ အင်ခေါင်းပါနှင့် ပါကထောင်ဒေသများသို့ ရောက်ရှိလာကြောင်း သိရသည်။ ကုလသမဂ္ဂ၏ UNOCHA, UNHCR, UNICEF, FAD, UNDP, DRC စသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများသည် မော်တော်ယာဉ် ၆ စီး၊ ကုန်တင်ယာဉ် ၁၂ စီးဖြင့် ရောက် ရှိလာခြင်း ဖြစ်ပြီး ဒုက္ခသည်များအား ဆန် ၆၈ ဒသမ ၉၁၁ တန်၊ ပဲ ၉ ဒသမ ၁၈၈ တန်၊ ဆီ ၄ ဒသမ ၅၉၄ တန်၊ ဆား သုည ဒသမ ၃၈၆ တန် ကူညီပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading