မိုင်ဂျာယန် ဒေသရှိ ကချင်စစ်ဘေးရှောင် မိသားစုများကို ကူညီစောင့်ရှောက်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ဇွန် ၉ ရက်တွင် မိုင်ဂျာယန်၊ အင်ခေါင်းပါနှင့် ပါကထောင်ဒေသများသို့ ရောက်ရှိလာကြောင်း သိရသည်။ ကုလသမဂ္ဂ၏ UNOCHA, UNHCR, UNICEF, FAD, UNDP, DRC စသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများသည် မော်တော်ယာဉ် ၆ စီး၊ ကုန်တင်ယာဉ် ၁၂ စီးဖြင့် ရောက် ရှိလာခြင်း ဖြစ်ပြီး ဒုက္ခသည်များအား ဆန် ၆၈ ဒသမ ၉၁၁ တန်၊ ပဲ ၉ ဒသမ ၁၈၈ တန်၊ ဆီ ၄ ဒသမ ၅၉၄ တန်၊ ဆား သုည ဒသမ ၃၈၆ တန် ကူညီပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။