သတင်းတို

ရှမ်းမြောက်မှာ TNLA နဲ့ အစိုးရစစ်တပ် တိုက်ပွဲဖြစ်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် ကျန်ကားကျေးရွာနှင့် မန်ကောင်းကျေးရွာအကြားတွင် အစိုးရစစ်တပ် တပ်မ (၇၇) လက်အောက်ခံ ခမရ (၈) နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ရင်း (၄၇၈) တို့အကြား ဇွန်လ ၁၁ ရက်နေ့ ညနေ ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ မွန်းလွဲ ၃ နာရီမှ စတင် ဖြစ်ပွားခဲ့သော ယင်းတိုက်ပွဲသည် တနာရီကျော် ကြာမြင့်ခဲ့ပြီး အစိုးရစစ်တပ်မှ ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း TNLA ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ချက်အရသိရသည်။ ဇွန်လ ၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ဖက်တပ်များပစ်ခတ်မှုတွင် အစိုးရ စစ်တပ် ခလရ ၂၄၁ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသွားပြီးနောက် နမ့်ခမ်းမြို့နယ် အတွင်းရှိ နောင်အန်၊ ဖာလင်၊ ဆိုင်တောင်၊ မန်အောင် စတဲ့ ကျေးရွာများမှ ဒေသခံ ၈ ဦးကို TNLA သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှုတွေရှိကြောင်းလည်း ဖော်ပြထားသည်။

Loading