မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဦးရေသည် ၂၀၁၄ ခုနှစ် မေလ အထိ ၁ သန်းကျော် ( ၁၂၀၇၇၆၀ ) ဦးတိုး တက် လာကြောင်း၊ ယခုနှစ် ၂၀၁၄ တွင် ခရီးသွားဦးရေ ၃ သန်းထိ ရောက်မည်ဟု မျှော်လင့်ထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ၂ ဒသမ ၀၄ သန်း အထိ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ခရီးသွားများ အများဆုံးသွားရောက် လည်ပတ်ကြသည့် နေရာများမှာ ရန်ကုန်၊ မန္တလေး နှင့် ရှေးဟောင်း နယ်မြေများ၊ တခြားစိတ်ဝင် စားဖွယ် နေရာများကို အများဆုံးသွားရောက် လည်ပတ်ကြကြောင်း သတင်းစာများတွင် ရေးသားထားသည်။