ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေပြီး ဇွန်လ ၁၀ ရက်နေ့က အယောက် ၃၀ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ယင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားလက်မှတ်များ မရှိသည့် အပြင် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်ကြောင်း၊ ထို့ကြောင့် ယင်းတဲများကို ထိုင်းအာဏာပိုင်များက စက်ယန္တယားများဖြင့် ဖျက်ဆီးဖယ်ရှားခဲ့ကြောင်း ထိုင်းနိုင်ငံရုပ်သံသတင်းများကဖော်ပြသည်ကို တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း ချင်းမိုင်မြို့ရှိ မြန်မာအလုပ်သမားများ အသွားအလာများသည့်နေရာများဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ဈေးနှင့် ဘုန်းကြီးကျောင်းများ အနီးတွင် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကလည်း ဧရာဝတီကို ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။