မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် အချက် ၉ ချက်ပါဝင်သော သဘောတူ စာချုပ် တခုကို ယမန်နေ့က ချုပ်ဆိုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားဖော်ပြထားသည်။ အချက် ၉ ချက် တွင် နှစ်နိုင်ငံ နယ်စပ်၌ တရားမဝင် အဖွဲ့များ မရှိစေရေး၊ နှစ်နိုင်ငံ အလံတင် အခမ်းအနားမှ ရလာဒ်များအား အကောင်အ ထည် ဖော်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပပျောက်ရေး၊ ယခင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကဲ့သို့ ထပ်မံ မဖြစ်စေရေး၊ နယ် စပ် ကျူးကျော်မှု တားဆီးရေး၊ နယ်စပ်ဒေသ၌ နေထိုင်သည့် ပြည်သူများအား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့်ပတ်သက်၍ အသိ ပညာ ပေးရေး စသည်တို့ ပါဝင်သည်။
ထိုလက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲချုပ်ဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Maj. Gen. Aziz Ahmed, psc,G ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက် ရောက် လက်မှတ်ထိုးခဲ့ကြသည်။ နေပြည်တော်၌ ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဆွေးနွေးခဲ့ကြပြီးနောက် အချက် ၉ ခုကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။