မြန်မာနိုင်ငံတွင်း ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းထွက်လာပြီး ဘာသာမတူသူများ လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ထားသည့်အပေါ် အမေရိကန်နိုင်ငံက အလွန် စိုးရိမ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စ Jen Psaki က ယမန်နေ့က သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ဤလုပ်ရပ်သည် မြန်မာအစိုးရ၏ လူ့အခွင့်အရေးလေးစားလိုက်နာရေးကြိုးပမ်းချက်နှင့် ကိုက်ညီမှု မရှိကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အလေးထားကြိုးပမ်းရန်လည်း တိုက်တွန်းထားသည်။