သတင်းတို

ကွတ်ခိုင်မှာ TNLA နဲ့ အစိုးရစစ်တပ်တိုက်ပွဲပြင်းထန် ဒေသခံများထွက်ပြေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြားနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကွတ်ခိုင်မြို့နယ်က နှစ်ဘက်တိုက်ပွဲတွေ ကြားမှာ အစိုးရစစ်တပ်က လုံကန် ပလောင် (တအာင်း) ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ်တအိမ်ပျက်စီးခဲ့ပြီး ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ TNLA ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန် ပါတယ်။ ဒီလအတွင်းမှာ အစိုးရစစ်တပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အင်အားတွေပိုမိုဖြည့်တင်းလာပြီး TNLA လှုပ်ရှားမှုရှိနေတဲ့ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ့်ဆန် မြို့နယ်ထဲက နေရာတွေကို ထိုးစစ်ဆင်မှုတွေရှိနေသလို တိုက်ပွဲတွေအနီးက ကျေးရွာတွေနဲ့ ရွာသားတွေမှာလည်း ထိခိုက်မှုတွေရှိနေပါတယ်။ TNLA တပ်ဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading