ရခိုင်ပြည်နယ်၌ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေကို စတင်ဆောင်ရွက်မည်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား နိုင်ငံသား ဖြစ်သင့် မသင့်ကို ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေ အရ စိစစ် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က ဇွန်လ ၁၄ ရက်နေ့က ပြောဆိုခဲ့သည်။ ဝန်ကြီး ဦးခင်ရီနှင့်အတူ ပြည်ထောင်စု အဆင့် ဝန်ကြီးများသည် ရခိုင်ပြည်နယ် သို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သွားရောက်ခဲ့ကြပြီး ပြည်နယ် အစိုးရ အဖွဲ့၊ ရခိုင်လူမှု အဖွဲ့အစည်းများ၊ ရပ်မိ ရပ်ဘများနှင့်တွေ့ဆုံ၍ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေ အရ လုပ်ဆောင်သွားမည့် အကြောင်းအရာများကို ရှင်းလင်း ပြောဆိုခဲ့သည်။ ထိုဥပဒေ ကို မြေပုံမြို့နယ်အတွင်း၌ ယခုရက်ပိုင်းမှ စတင်၍ စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပြီး အပြီးသတ် ဆောင်ရွက် မှုအတွက် အချိန် ၆ လ သတ်မှတ်ထားကြောင်းသိရသည်။