သတင်းတို

ထိုင်းစစ်တပ်က အလုပ်သမားတွေကို နှင်ထုတ်ဖို့ အစီအစဉ်မရှိ

This article has been converted from Zawgyi One to Unicode

ထိုင်းစစ်တပ်အနေနဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ဖမ်းဆီး နှင်ထုတ်တဲ့ အစီအစဉ် မရှိကြောင်း၊ အလုပ်သမားတွေကို တရားဝင်အလုပ်သမားအဖြစ် စနစ်တကျ မှတ်ပုံတင်သွားမှာဖြစ်ပြီး၊ ငွေညစ်တာ ဖမ်းဆီးတာ၊ နိုင်ထက်စီးနင်းလုပ်တာတွေ မလုပ်ဖို့လည်း ညွန်ကြားထားကြောင်း အလုပ် သမားဝန်ကြီးဌာန ညွန်ချုပ်က ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သော်လည်း၊ လွန်ခဲ့သည့် တပတ်က နိုင်ငံတဝှန်း တရားမဝင်အလုပ်သမားများကို ရှာဖွေဖမ်းဆီးမှုကြောင့် ၊ကမ္ဘောဒီယား အလုပ်သမား ၁သိန်းကျော် မူရင်းနိုင်ငံသို့ ပြန်သွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Loading