သတင်းတို

ဘိန်းခင်း ဧက ၃ သောင်းကျော် ဖျက်ဆီးခဲ့ကြောင်း လွှတ်တော်တွင် တင်ပြ

This article has been converted from Zawgyi One to Unicode

ဘိန်းခင်း ၁၂၇၇၄ ဒသမ ၁၈ ဟက်တာ (၃၁၅၆၅ ဒသမ ၀၁ ဧက)ကို ပြီးခဲ့သည့် ဘိန်းစိုက်ရာသီက ရှင်းလင်း ပစ်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ယမန်နေန့ကပြည်သူ့လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၌ ကမ္ဘာပေါ်တွင် အဖဂန်နစ္စတန် နိုင်ငံပြီးလျှင် ဒုတိယ နေရာတွင် ရှိကြောင်း ဖော်ပြထားသည်။

Loading