• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကယား ဒေသခံများ မြေမြှုပ်မိုင်းဒဏ် ဆက်လက်ခံနေရ

by မြတ်စုမွန်
20 June 2014
in Ethnic Issues
A A
ပြည်တွင်းစစ်, မြေမြှုပ်မိုင်း, KNPLF, ခြေတုလက်တု စက်ရုံ, နယ်လှည့် ကျန်းမာရေး ကျောပိုးအိတ် လုပ်သားအဖွဲ့, ICBL

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းမှ ခြေတု၊ လက်တု တပ်ဆင်ပေးသော ဌာနတွင် မြင်ရသည့် ခြေတု တဘက် (ဓာတ်ပုံ- မြတ်စုမွန် / ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းစစ် လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ခြေထောက် ဆုံးရှုံးခဲ့ရသဖြင့် ပြီးခဲ့သည့် ၃လအတွင်း ခြေတု လာရောက် တပ်ဆင် သူ လူနာဦးရေ ၁၂၀ နီးပါး ရှိခဲ့ကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကရင်နီ လူမျိုးများ လွတ်မြောက်ရေး တပ်ဦး (KNPLF)၏ ခြေတုလက်တု စက်ရုံမှ သိရသည်။

မြေမြှုပ်မိုင်း ထိသဖြင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်ပြီး၊ အစိုးရ စစ်သားများနှင့် အရပ်သားဦးရေ ထက်ဝက်စီ ရှိကြောင်း KNPLF ၏ ခြေတု လက်တု စက်ရုံ တာဝန်ခံက ပြောသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
494
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
9
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
129

“ဒီဒေသတွေမှာ စစ်ရေးအရ သေနတ်သံ မကြားရတော့တဲ့အတွက် ငြိမ်းချမ်းတယ်လို့ ပြောလို့ရမယ်။ ဒါပေမယ့် မြေမြှုပ်မိုင်း ကတော့ ဘယ်တော့မှ မငြိမ်းချမ်းသေးဘူး”ဟု KNPLF ၏ ခြေတုလက်တုစက်ရုံ တာဝန်ခံ ဦးလွိစီက ဧရာဝတီသို့ ပြောသည်။

လွိုင်ကော်မြို့နယ် ဒီမော့ဆိုမြို့နယ်နှင့် ဖရူဆို မြို့နယ်များတွင် မြေမြှုပ်မိုင်းကြောင့် လူထိခိုက်ဒဏ်ရာရမှု လျော့နည်းလာကြောင်း ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည့် အဖွဲ့အစည်း၊ ဒေသခံများနှင့် KNPLF ခြေတုလက်တု စက်ရုံတို့မှ သိရသည်။

သို့သော် လူများ ထိခိုက်ဒဏ်ရာ ရရှိမှု လျော့နည်းလာသော်လည်း မြေမြှုပ်မိုင်းကြောင့် ကျွဲ၊ နွား တိရစ္ဆာန် သေကြေပျက်စီးခြင်းများ ဆက်လက်ရှိနေဆဲဖြစ်ရာ မြေမြှုပ်မိုင်းများ ကင်းရှင်း၍ စိတ်ချရသော နယ်မြေဟု မသတ်မှတ်နိုင်သေးကြောင်း ကယားပြည်နယ်၊ ဒီမော့ဆို မြို့နယ် ဆောင်ဒူကျေးရွာမှ ဒေသခံ တောင်သူတဦးက ပြောသည်။

ပြည်တွင်းစစ် ဖြစ်ပွားသဖြင့် အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီသည့် ဒေသများတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေသည့် နယ်လှည့် ကျန်းမာရေး ကျောပိုးအိတ် လုပ်သားအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးအေးလွင်က “စစ်ဖြစ်နေတဲ့ ကာလ ထက် စာရင် မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ရတဲ့ ဒဏ်ရာတွေတော့ နည်းသွားတယ်။ မရှိတော့ဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ ရံဖန်ရံခါ ရှိနေတတ်သေးတယ်။ လူတွေ ဖားရှာ၊ ငါးရှာ၊ ဟင်းသီး ဟင်းရွက်ရှာ၊ ဒါမှမဟုတ် အခြေအနေ ကောင်းလာပြီး ဆိုပြီး သူ့ရွာသူ ပြန်ပြီး အိမ်ဆောက်ချင်တဲ့ သူတွေရှိတယ်။ သူတို့တွေမှာတော့ တချို့အန္တရာယ်တွေ တွေ့နေရသေးတယ်”ဟု ပြောသည်။

KNPLF ၏ ခြေတုလက်တု စက်ရုံတွင် မြေမြှုပ်မိုင်းကြောင့် ဆုံးရှုံးခဲ့သည့် ခြေထောက်များကို တာဝန်ယူ အစားထိုး တပ်ဆင်ပေးပြီး လက်တု၊ မျက်လုံးတုနှင့် နားတုများကိုမူ စက်ပစ္စည်း မစုံလင်သည့် အခက်အခဲကြောင့် ရန်ကုန်ရှိ IRC ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်းနှင့် မြဝတီမြို့ရှိ CPI စသည့် ခြေတုလက်တု စင်တာများသို့ ညွှန်းပို့ပေးကြောင်း ဦးလွိစီက ပြောပြသည်။

KNPLF ခြေတုလက်တု စက်ရုံတွင် မြေမြှုပ်မိုင်းကြောင့် ခြေတုများ လာရောက်တပ်ဆင်သူများအနက် ထက်ဝက်ခန့်က စစ်မှုထမ်း ဟောင်းများနှင့် ကချင်ပြည်နယ်စစ်ပွဲများတွင် ခြေထောက်ဆုံးရှုံးခဲ့သည့် အစိုးရ တပ်မတော်သားများဖြစ်ပြီး ကျန်ထက်ဝက်မှာ အရပ် သားများဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်ရှိ တချို့ကျေးရွာများတွင်ပင်လျှင် မဟာဓာတ်အားလိုင်း တာဝါတိုင်အောက်ရှိ မြေမြှုပ်မိုင်းများ၊ တရုတ်နိုင်ငံထုတ် စွန့်ပစ်မိုင်းများနှင့် ဗုံးသီးလက်ကျန်များ ရှိနေဆဲဖြစ်ရာ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများနှင့် မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဦးလွိစီက ပြောဆိုသည်။

ဦးလွိစီက“မြေမြှုပ်မိုင်းတွေက သံလွှင်မြစ် အရှေ့ဘက်အခြမ်းတွေနဲ့ ရှားတောမြို့နယ်ဘက်မှာ အများကြီးရှိသေးတယ်။ မြေမြှုပ် မိုင်း တွေ ရှင်းလင်းဖို့ အချိန်တန်ပြီ။ ကျနော်တို့ မျှော်နေတယ်။ အခုထိ မိုင်းရှင်းလင်းရေး လုပ်ဖို့ ဘယ်အဖွဲ့မှ မရောက်သေးဘူး။ အသိပညာပေး လုပ်ဖို့ စီစဉ်ခဲ့တာလည်း ဝန်ကြီးချုပ် ခွင့်မပြုလို့ မလုပ်လိုက်ရဘူး”ဟု ဧရာဝတီသို့ ပြောသည်။

KNPLF ၏ ခြေတုလက်တု စက်ရုံကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပြီး ကယားပြည်နယ် မယ်စဲ့၊ ဘော်လခဲ၊ ရှားတောမြို့များမှ လည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ လွယ်လင်လေး ကျေးရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဆီးဘူး ကျေးရွာမှ လည်းကောင်း လာရောက်၍ ခြေတုတပ်ဆင်သူများကို ဝန်ဆောင်မှုပေးခဲ့ကြောင်း စက်ရုံတာဝန်ခံထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကြေ ဒဏ်ရာရသူ စုစုပေါင်း ၃၂၄၂ ဦး ရှိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီး ကာကွယ်ရေး အဖွဲ့(ICBL) ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် လွန်ခဲ့သည့် ၇ နှစ်တာအတွင်း ကောက်ယူထားသည့် စာရင်းများအရ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် သေကြေပျက်စီး မှု အများဆုံး နိုင်ငံများမှာ အာဖကန်နစ္စတန်၊ ကိုလံဘီယာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီယား နိုင်ငံများဖြစ်ကြောင်း ယင်း အစီရင်ခံစာ က ဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြေမြှုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက် ရှိသော်လည်း အစိုးရ စစ်တပ်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်လာကြောင်း ICBL ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

Your Thoughts …
Tags: Mine
မြတ်စုမွန်

မြတ်စုမွန်

Contributor

Similar Picks:

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

by ရန်ပိုင်
22 May 2013
3.5k

ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေ သူများဖြစ်ကြောင်း၊ ဒေသခံ များမှာလည်း မြေယာဥပဒေများကို နားမလည်သည့် အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ၀ယ်ယူ တူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

by နန်းဆိုင်နွမ်
16 September 2013
2.2k

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးများ ပျက်စီးသွားမည် ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခဖြစ်ပွားမှုမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

by မေစစ်ပိုင်
20 May 2013
4.5k

ဧရာဝတီ သတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း

လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှိုင်ကျ

လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှိုင်ကျ

by စနေလင်း
14 March 2013
23.9k

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့်အဖွဲ့ ဒေသခံများကို လိုက်လံရှင်းပြရာတွင် ဒေသခံ ရွာအတော် များများက လက်မခံပဲ ဆန္ဒပြမှုများနှင့် ဆက်တိုက်တွေ့ကြုံခဲ့ရာ မအောင်မြင်ဘဲ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပြီ ဖြစ်သည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

by မေစစ်ပိုင်
26 July 2013
2.4k

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု သမ္မတရုံး ပြန်ထောင်စု ဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံ ရှင်းလင်းပွဲ၌ ပြောဆို လိုက်သည်။

မြေမြှုပ်မိုင်း, ICRC , ခြေတုလက်တု

မြေမြှုပ်မိုင်း ဒဏ်ကြောင့် ယခုနှစ်အတွင်း ခြေတု တပ်ရသူ ၁၃၀၀ ကျော်ရှိဟု ICRC ထုတ်ပြန်

by တင်ထက်ပိုင်
1 December 2014
2k

မြန်မာနိုင်ငံ တွင် မြေမြှုပ်မိုင်း ဒဏ်ကြောင့် ခြေအင်္ဂါ ချွတ်ယွင်း သွားသဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ လမှ အောက်တိုဘာ လအတွင်း ခြေတု တပ်ဆင် ရသည့် လူနာပေါင်း ၁၃၀၀ ကျော် ရှိကြောင်း...

Next Post
Tattoo, မင်ကြောင်, မေးခိုင်ပိုး, အသည်းရောင် အသားဝါ, အေအိုင်ဒီအက်စ်, သံလိုက်ရောင်ခြည် ဓာတ်မှန်, MRI,

အရေပြားပေါ်မှာ နောင်တမှတ်တမ်း ရေးထိုးမယ် ဆိုရင် …

ကလေးတို့၏ အိပ်မက်များနှင့် ပန်းချီ ဝင်းလွင်အောင်

ကလေးတို့၏ အိပ်မက်များနှင့် ပန်းချီ ဝင်းလွင်အောင်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate