သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ မဟာသနိ္တသုခ ဘုန်းကြီးကျောင်းပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး မဟန ကဝင်ရောက်စီးနင်းပြီးနောက် ယခုလို တာဝန်မှရပ်စဲခံလိုက်ရခြင်းဖြစ်ပြီး၊ လယ်ဝေးမြို့ ယက်ကန်းစင် တောင်ကျေးရွာရှိ နှစ်ကျိတ်ရှစ်ဆူ အောင်တော်မူစေတီနှင့် ပတ်သက်၍ ဌာနပိုင် ငွေ ၇၂ သိန်းကို ကိုယ်ကျိုး အတွက် သုံးစွဲမှုဖြင့်လည်း စုံစမ်းစစ်ရေး(စစစ)က အမှုဖွင့်ထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။