• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

မဟနကို မဘသ ဝေဖန်မည် မဟုတ်

by စနေလင်း
21 June 2014
in Religion
A A
မဟနကို မဘသ ဝေဖန်မည် မဟုတ်

အမျိုး၊ ဘာသာ သာသနာ စောင့်ရှောက်ရေး( ဗဟို ) အဖွဲ့၏ ၁ နှစ်ပြည့် နှစ်ပတ်လည် ညီလာခံ တက်ရောက်လာသော သံဃာများ (ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း)

5.6k
VIEWS
Share on FacebookShare on Twitter

အမျိုး၊ ဘာသာ သာသနာ စောင့်ရှောက်ရေး( မဘသ ) အဖွဲ့(ဗဟို) အနေဖြင့် သံဃမဟာနာယက အဖွဲ့( မဟန ) ၏ သြ ဝါဒကို ခံယူထားပြီးဖြစ်သည့်အတွက် မဟနအဖွဲ့နှင့် ပတ်သက်ပြီး ဝေဖန်ခြင်း၊ ထောက်ခံခြင်းမျိုးလုံး၀ ပြုလုပ်သွားမည် မဟုတ်ကြောင်း မဘသအဖွဲ့က တရားဝင်ပြောကြားလိုက်သည်။

ယနေ့ပြုလုပ်သော အမျိုး၊ ဘာသာ သာသနာ စောင့်ရှောက်ရေး( ဗဟို ) အဖွဲ့၏ ၁ နှစ်ပြည့် နှစ်ပတ်လည် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် မဘသ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ဓမ္မပီယက သတင်းမီဒီယာများကို ပြောကြားခဲ့ သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
305
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
410
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
139

“မဘသ ရဲ့ မူဝါဒကိုက မဟနရဲ့ သြဝါဒကို ခံယူထားပြီဖြစ်တဲ့အတွက် မဟနအပေါ်မှာ မည်သည့်ကိစ္စကိုမှ ပြောဆို မှတ်ချက်ပြုမှာမဟုတ်ဘူး။ အဲဒါကြောင့်ပဲ မဟာသန္တိသုခ ဘုန်းကြီးကျောင်းကိစ္စမှာ မဘသ(ဗဟို) အနေနဲ့ ဘာမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိတာ။ မဘသအဖွဲ့ဝင်တွေ တဦးချင်းစီရဲ့ ကိုယ့်အမြင်တွေကိုတော့ အသီးသီးပြောကြပါတယ်။ ဒါပေမယ့် မဘသ အဖွဲ့ရဲ့ တရားဝင် သဘောထားမဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ထို့အပြင် လက်ရှိ သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့် ရာထူးမှ ဖယ်ရှားခံရသည့် အချိန်သည် မဟာသန္တိသုခ ကျောင်းအခင်းအဖြစ်အပျက်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သည့်အတွက် မည်သို့ သဘောထားမှတ်ချက်ပြုလိုသနည်း ဆိုသည့် ဧရာဝတီ၏ အမေးကိုလည်း မဘသအဖွဲ့အနေဖြင့် နိုင်ငံရေးကိစ္စနှင့် သက်ဆိုင်သည့်အတွက် မည်သည့် မှတ်ချက် တစုံတရာမျှ မပေးလိုကြောင်း ဆရာတော်က ဆိုသည်။

ဇွန် ၂၁ ရက်နေ့က အင်းစိန်မြို့နယ်၊ အောင်ဆန်း တောရတပ်ဦးကျောင်းတွင် ကျင်းပသော မဘသ အဖွဲ့၏ နှစ်ပတ်လည်း ညီလာခံတွင် မဘသအဖွဲ့သည် မည်သည့်ပါတီ၊ မည်သည့်နိုင်ငံရေး အသင်းအဖွဲ့နှင့်မျှ ဆက်စပ်မှုမရှိကြောင်း၊ မဘသအ ဖွဲ့ကို နိုင်ငံရေးပါတီတခု၏ ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဟု စွပ်စွဲမှုကိုလည်း ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ရုပ်ရှင်၊ ဗီဒီယိုများတွင် ဗုဒ္ဓဘာသာဝင်များကို ထိခိုက်နစ်နာအောင် တဖက်သက် ရိုက်ကူးမှုများကို အနုပညာရှင်များအနေဖြင့် ရှောင်ရှားရန် တိုက်တွန်းကြောင်း၊ မဘသ အဖွဲ့ဝင်တဦး၊ တဖွဲ့တခုက ၎င်း၏ စိတ်ထားအတိုင်း ဖော်ထုတ် ပြောဆိုမှုများသည် မဘသ(ဗဟို) အဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်မဟုတ်သည်ကိုလည်း ပြတ်သားစွာ ထုတ်ပြန်ခဲ့သည်။

မဘသ အဖွဲ့၏ ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် သာသနာတော် တည်တံ့ပြန့်ပွားရေးကိုသာ ဦးတည်ဆောင်ရွက် ရန်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စာရိတ္တ မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရေး အသိဉာဏ် တိုးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသားရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုသာ ကူညီဆောင်ရွက်ရန် ချမှတ်ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် ဥပဒေသဘောဖြင့် ဆောင်ရွက်ရန်နှင့် ပက်သက်ပြီး မြန်မာတိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သော မျိုးစောင့် ဥပဒေပေါ်ပေါက်ရေး၊ ဘာသာအသီးသီးကို ကိုယ်စားပြုသော မျိုးစောင့် ဥပဒေပေါ်ပေါက်ရေး၊ အဓိကအားဖြင့် ပဋိပက္ခ ပြေငြိမ်းရေးကို ရှေးရှုသော မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးကိုသာ အလေးထားဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

မဘသ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ ဘာသာခြား၊ လူမျိုးခြားများ၏ အသုံးချ မှုများကို သတိထားရှောင်ကျဉ်ရန်နှင့် ဒေသဆိုင်ရာ မဘသအဖွဲ့များအနေဖြင့် မဘသ(ဗဟို) ၏ မူဝါဒနှင့် ပက်သက်နေလျှင် မဘသ(ဗဟို)အဖွဲ့၏  အတည်ပြုချက်များကို ရယူပြီးမှသာ ထုတ်ပြန်ရန် ကြေညာခဲ့သည်။

အဆိုပါ ညီလာခံတွင် မဟန အဖွဲ့၏ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ခဲ့ပြီး “မဘသနဲ့ မဟနအဖွဲ့က တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်နေဖို့မဟုတ်ဘူး။ သာသနာအရေးအတွက် ပူးပေါင်းလုပ်ဆောင်ရမယ့်အ ဖွဲ့တွေပါ” ဟု အဖွင့် သြ ဝါဒတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇွန် ၂၁ ရက်နေ့က ကျင်းပသော ညီလာခံသို့ အနယ်နယ်အရပ်ရပ်မှ မဘသ အဖွဲ့ ၂၀၀ ကျော်မှ သံဃာတော် ၁၁၄၆ ပါး ကြွရောက်ခဲ့ပြီး သီလရှင်ဆရာကြီးများ၊ လူပရိတ်သတ်များ၊ ဝေရာဝစ္စအဖွဲ့ဝင်များနှင့် စုစုပေါင်း ကြွရောက်သူဦးရေ ၂၇၅၅ ဦးရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူရှေးဟောင်းသုံးမြို့ ကမ္ဘာအမွေ အနှစ်စာရင်းဝင် ဖြစ်ပြီ

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူရှေးဟောင်းသုံးမြို့ ကမ္ဘာအမွေ အနှစ်စာရင်းဝင် ဖြစ်ပြီ

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် မြန်မာပြည်လာမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate