သတင်းတို

တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲရန်မလိုဟု ပြည်ထောင်စုဝန်ကြီး ပြော

This article has been converted from Zawgyi One to Unicode

တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန်  ပုသိမ်ပြည်သူလွှတ် တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုနှင့် ပတ်သက်ပြီး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က တော်လှန်ရေး နေ့အဖြစ် ပြန်လည် သတ်မှတ်ရန်မရှိကြောင်း၊ ၁၉၄၅ ခုနှစ်တွင်တပ်မတော်က တိုင်း ရင်းသားပြည်သူများကို ဦးဆောင်၍ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရာ၊ ၁၉၅၅ ခုနှစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ အိမ်နီး ချင်း ထိုင်းနိုင်ငံတွင်လည်း ၁၅၉၂ ခုနှစ် မြန်မာမင်း နန္ဒာဘုရင်လက်ထက် အိမ်ရှေ့မင်း မင်း ကြီးစွာ ကို ယိုးဒ ယားဘုရင်နရစွမ်မှ စီးချင်းထိုးအနိုင်ရသည့်နေ့ကို တပ်မတော်နေ့ အဖြစ်သတ်မှတ်ခဲ့ကြောင်း နှိုင်းယှဉ်ကာ ပြောဆိုသွားသည်သိရသည်။

Loading