ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ခြင်းအပေါ် မနေ့က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ရှုံချလိုက်ပြီး၊ ထိုင်းနှင့် ဥရောပသမဂ္ဂတို့ပူးပေါင်ဆောင်ရွက်မည့် သဘောတူညီချက်ကို ဆိုင်းငံ့ထား လိုက်ကာ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပရန်နှင့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို လေးစားပြီး ဖမ်းဆီး ထိမ်းသိမ်းထားသည့် နိုင်ငံရေးသမားများကို အမြန်ဆုံး ပြန်လွွှတ် ပေးရန်၊ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး အမြန်ဆုံး အကောင် အထည်ဖော်ရန်တို့ကိုလည်း တိုက်တွန်းခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းတပုဒ်က ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။