သတင်းတို
ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှု လာမည့်နှစ် အခြားတနိုင်ငံ၌ ကျင်းပနိုင်
This article has been converted from Zawgyi One to Unicode
အမေရိကန်အနေဖြင့် ထိုင်းနှင့် ပူးတွဲလေ့ကျင့် သည် ရွှေမြွေဟောက်စစ်ဆင်ရေး (Cobra Gold) ပူးတွဲ စစ်ရေး လေ့ကျင့်မှု ကို လာမည့်နှစ်တွင် အခြားတနိုင်ငံ၌ ပြောင်းလဲပြုလုပ်ရန် စဉ်းစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တဦးဖြစ် သူ Scot Marciel က အင်္ဂါနေ့ က ပြောဆို လိုက်သည်၊ ထိုပြောဆိုချက်နှင့် ပတ်သက်၍ ထိုင်းအာဏာသိမ်း စစ် ကောင်စီ ဒုတိယ အကြီးအကဲ Prajin Juntong က Cobra Gold စစ်ရေး လေ့ကျင့်မှုကို နောက်ထပ် နိုင်ငံ တခု တွင် ပြောင်းလဲ ကျင်း ပမည်ဟု ဆုံးဖြတ်ခဲ့မည် ဆိုပါက ထိုင်းနိုင်ငံအနေဖြင့် ပြဿနာ တခုအဖြစ် ရှုမြင်မည် မဟုတ် သော်လည်း အမေရ ကန် အနေဖြင့် ထိုင်းကဲ့သို့ နိုင်ငံမျိုးဆုံး ရှုံးသွားနိုင်ကာ အဆုံးအရှုံးလည်းများနိုင်သည်ဟု တုံ့ပြန်ပြောဆို ကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်တွင် ဖော်ပြသည်။